ဘဝတစ်သက်တာ

ဘဝတစ်သက်တာ သင်ယူပါ

ဖွံ့ဖြိုးတိုးတက်လိုသူတွေဟာ ဘဝတစ်သက်တာ သင်ယူနေကြရမှာ ဖြစ်တယ်။ ဘာတွေကို သင်ယူနေကြရမလဲဆိုရင် ပညာတွေကို သင်ယူနေကြရမှာ ဖြစ်တယ်။ ပညာဆိုတာ ဘာလဲဆိုတာ သိဖို့လိုတယ်။
          မြန်မာတွေမှာက ခေတ်နဲ့လျော်ညီတဲ့ အဘိဓာန်မရှိဘူး။ မြန်မာစကားလုံးတွေဟာ တိတိကျကျ မရှိတော့ ခွဲခွဲခြားခြား နားမလည်ဘူး။ ဒါကြောင့်လည်း မြန်မာလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အနိမ့်ပါးဆုံးလူတွေ ဖြစ်သွားတာဖြစ်တယ်။ လမ်းပျောက်ကြတယ်။ ဘယ်ကစလဲဆိုရင် ဒီပညာဆိုတာက စတာဖြစ်တယ်။
          ပညာလို့ ပြောလိုက်ပြီဆိုတာနဲ့ ဉာဏ်ပညာရယ်၊ အသိပညာရယ်၊ အတတ်ပညာရယ်၊ ပညာရေးရယ်လို့ ခွဲခွဲခြားခြားသိမှ အဆင်ပြေတာ ဖြစ်တယ်။ ဉာဏ်ပညာဆိုတာက Wisdom ဖြစ်တယ်။ အသိပညာဆိုတာက ဖြစ်တယ်။ အတတ်ပညာဆိုတာက Knowledge အစရှိသည်တို့ ဖြစ်တယ်။ ပရော်ဖက်ရှင်နယ် Professional ဆိုတာ ရှိတယ်။ ပညာရေးဆိုတာက ဖြစ်တယ်။
          ဒီတော့ မြန်မာလူမျိုးတစ်ဦးဟာ ဉာဏ်ပညာ (Wisdom)၊ အသိပညာ (Knowledge)၊ ပညာ (Skill,Craft,Vocation) နဲ့ ပညာရေး Education ဆိုတာကို ခွဲခွဲခြားခြားကို နားလည်ရမယ်။
          ဉာဏ်ပညာ Wisdom ဆိုတာ ဘာလဲဆိုတော့ မိမိရဲ့အသိပညာ Knowledge ၊ အတွေ့အကြုံ Experience ၊ နားလည်သဘောပေါက်မှု Understanding ၊ သာမန်အသိ Common Sense ၊ ထိုးထွင်းသိမြင်ခြင်း Insight တို့ကို အသုံးပြုပြီး စဉ်းစားခြင်း၊ Think နှင့် လုပ်ဆောင်ခြင်း၊ Act လုပ်နိုင်သည့် အရည်အချင်း Ability ကို ခေါ်တယ်။ ဒီဉာဏ်ပညာ အမြင့်မားဆုံးအပိုင်း ရောက်သွားပြီး အားလုံးကို သိမြင်သွားတာကို Enlightenment လို့ ခေါ်တယ်။ ပွင့်တယ်လို့ ပြောတာပေါ့။
          အသိပညာ (Knowledge)ဆိုတာက ဗဟုသုတ။ များများသိတာကို ခေါ်တယ်။
          အတတ်ပညာဆိုတာက ကျွမ်းကျင်မှုတွေ၊ လက်မှုတွေ၊ မိမိမှာပါလာတဲ့ ပါရမီတွေကို ဆိုလိုတယ်။
          ပရော်ဖက်ရှင်နယ် Professional ဆိုတာကတော့ အသက်မွေးဝမ်းကျောင်း လုပ်တဲ့အလုပ်။ ဆုကြေးစား အစရှိသည်တို့ကို ပရော်ဖက်ရှင်နယ်လို့ခေါ်တယ်။
          ပညာရေးဆိုတာကိုတော့ Education လို့ ခေါ်တယ်။ Education ဆိုတဲ့ စကားလုံးက လက်တင်ဘာသာစကားဖြစ်တဲ့ Eduatio က လာတာ ဖြစ်တယ်။ အဓိပ္ပာယ်က ပုံသွင်းတာ၊ ပျိုးထောင်တာ၊ မွေးဖွားတာဆိုတဲ့ သဘောဖြစ်တယ်။ ပညာရေးမှာ အပိုင်း(၃)ပိုင်း ရှိပါတယ်။ ပထမအပိုင်းက အခြေခံပညာရေး Basic Education လို့ ခေါ်တယ်။ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ဖြစ်တယ်။ ဒုတိယအပိုင်းက အဆင့်မြင့် ပညာရေး Higher Education ဖြစ်တယ်။ ကောလိပ်နဲ့ တက္ကသိုလ်တွေ ဖြစ်တယ်။ တတိယပညာရေးအပိုင်းက နည်းပညာနဲ့ အသက်မွေးပညာရေးနဲ့ လေ့ကျင့်ရေးအပိုင်း Technical and Vocational Education and Training၊ နောက်တမျိုး ထပ်ပြောရရင်တော့ ပညာရေးမှာကတော့ တရားဝင်ပုံစံနဲ့ သင်ကြားပေးတဲ့ Formal Education ဆိုတာရှိတယ်။
          တရားဝင်ပုံစံဆိုတာက ကျောင်းရှိတယ်။ စာသင်ခန်းရှိတယ်။ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်း ရှိတယ်။ သင်ကြားပြသမယ့် ဆရာအဖြစ် သင်ကြားထားပြီးဖြစ်တဲ့ ဆရာရှိတယ်။ စာမေးပွဲ ရှိတယ်။ အောင်လက်မှတ်ထုတ်ပေးတယ်။ ဒါကို Formal Education လို့ ခေါ်တယ်။ အဆင်ပြေသလို သင်ကြားပေးတဲ့ Informal Education ဆိုတာ ရှိတယ်။ သူကတော့ အဆင်ပြေတဲ့နေရာ၊ အဆင်ပြေသလို သင်ကြတာပါပဲ။
          ဒီတော့ ပညာသင်ရမယ်လို့ ပြောလိုက်ရင် ဉာဏ်ပညာလား၊ အသိပညာလား၊ အတတ်ပညာလား၊ ပရော်ဖက်ရှင်နယ်လား၊ ပညာရေးလား ဆိုတာ သေသေချာချာ ခွဲခြားရမယ်။
          လူတချို့က တရားဝင်ပုံစံနဲ့သင်တဲ့ ပညာရေးတစ်ခုတည်းကိုသာလျှင် ပညာလို့ သိတဲ့အတွက် ဒါတစ်ခုတည်းမှာပဲ အဆုံးသတ်သွားတာ ဖြစ်တယ်။ တက္ကသိုလ်ဝင်တန်း အောင်မယ်၊ တက္ကသိုလ်တက်မယ်၊ ဘွဲ့ရမယ်ဆိုတာလောက်ကိုပဲ ပညာလို့ ထင်နေတယ်။ ဒီတော့ ဒီလူတွေက တက္ကသိုလ်ဘွဲ့ကို ပေါပေါလောလော ရဖို့ပဲ လိုက်တော့တယ်။ ဒီတော့ လိုအပ်တဲ့ ဉာဏ်ပညာ၊ အသိပညာ၊ အတတ်ပညာ၊ ပရော်ဖက်ရှင်နယ် ဘာတစ်ခုမှ ဖြစ်မလာတော့ပါ။
          ဒီလိုလူတွေဟာ ဖွံ့ဖြိုးမှု အနည်းဆုံးလူတွေ ဖြစ်ကုန်တယ်။ သေချာတာကတော့ လူသားတွေရဲ့ ဉာဏ်ပညာ၊ အသိပညာ၊ အတတ်ပညာ၊ ပရော်ဖက်ရှင်နယ်တွေဟာ ပြောင်းလဲနေကြတယ်။ မဆုံးနိုင်ဘူး။ ဒါကြောင့် လူသားတွေဟာ အမြဲလေ့လာသင်ယူနေရမယ့် အကြောင်း ရေးသားလိုက်ရပါတယ်။

ဘဝတစ်သက်တာ သင်ယူပါ

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။     

ဘဝနေနည်း

Open More Online

Related Posts