ဗီဇဆိုတာဘာလဲ

တစ်နေ့မှာ အသက် (၂၀) အရွယ် လူငယ်လေးတစ်ယောက်က ကျွန်တော့ကို မေးခွန်းတစ်ခု မေးပါတယ်။ လူငယ် . . . ‘ဆရာ ဗီဇဆိုတာလေး ရှင်းပြပေးပါလား’ 

ကျွန်တော် . . . ‘ ဦးကစိတ်ပညာရှင်မဟုတ်လို့ မရှင်းပြတတ်ဘူးကွ။ ဪ ဒါနဲ့မင်းဆီက အကူအညီတစ်ခု တောင်းချင်တယ်’

လူငယ် . . . ‘ပြောပါဆရာ။ ကျွန်တော်ဘာလုပ်ပေးရမလဲ’

ကျွန်တော် . . . ‘ဒီလိုကွ ဦးသိပ်မုန်းနေတဲ့ လူတစ်ယောက်ရှိတယ်။ အဲဒါ မင်းတစ်ခုခု လုပ်ပေးနိုင်မလား။ မင်းကို ကူညီခအဖြစ် ငွေငါးသောင်းပေးပါ့မယ်’ 

လူငယ် . . . ‘ ဦးပေးမယ့် ငွေက အများကြီးပါလား။ ကျွန်တော် ဘာလုပ်ပေးရမှာလဲ။’

ကျွန်တော် . . . ‘ဦးမုန်းနေတဲ့ သူကိုသတ်ပစ်ဖို့ပါ’ 

လူငယ် . . . ‘ကျွန်တော် လူမသတ်ဘူးဗျ’

ကျွန်တော် . . . ‘ တစ်သိန်းပေးမယ်ကွာ’

လူငယ် . . . ‘ကျွန်တော် လူမသတ်ဘူးလို့ ပြောပြီးပြီလေ’

ကျွန်တော် . . . ‘ဆယ်သိန်းပေးမယ်ကွာ’

လူငယ် . . . ‘ဦး ဘယ်လောက်ပေးပေး ကျွန်တော် ဘယ်တော့မှ လူမသတ်ဘူးဗျ’

ကျွန်တော် . . . ‘ဘာကြောင့် မင်း လူမသတ်ချင်တာလဲ’

လူငယ် . . . ‘ဘာကြောင့်ဆိုတာတော့ ကျွန်တော်မသိဘူး။ သိတာတစ်ခုကတော့ ကျွန်တော်ဟာ ဘယ်တော့မှ လူသတ်မှာမဟုတ်ဘူးဆိုတာပဲ’ 

ကျွန်တော် . . . . ‘အေး၊ အဲဒါ မင်းစောစောကမေးတဲ့ ‘ဗီဇ’ ဆိုတာပဲကွ’ 

ဗန်းမော်သိန်းဖေရေးသားထားသော မျှဝေလိုသောအတွေးများမှ  ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

ဘဝနေနည်း

Related Posts