ဖြစ်နိုင်တဲ့ရည်မှန်းချက်ကို သတ်မှတ်ပါ

လူတော်တော်များများ အောင်မြင်မှုကို နေ့ချင်းညချင်း လိုချင်ပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရပါဘူး။ ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ကိုရောက်ဖို့၊ အောင်မြင်ဖို့ အချိန်ဘယ်လောက် လိုမလဲဆိုတာ လေ့လာပါ။ ဆန်းစစ်ပါ။ ရည်မှန်းချက်ချတဲ့အခါ ဖြစ်နိုင်တဲ့ရည်မှန်းချက်ကိုပဲ သတ်မှတ်ပါ။ တခါတလေ ကိုယ်သတ်မှတ်ထားတဲ့အချိန်ထက် ပိုလိုတာတွေ့ရပါလိမ့်မယ်။ လိုရင်လည်း လိုအပ်သလို‌ ပြောင်းပါ။ မဖြစ်နိုင်တဲ့ရည်မှန်းချက်ကို ကြိုးစားရင်တော့ အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts