ပျော်ရွှင်ခြင်း

ပျော်ရွှင်ခြင်း

အဆင်ပြေလို့ ပျော်ရွှင်တယ်ဆိုတာ ဘားမှ ထူးခြားမှု မရှိပါဘူး။ ထူးခြားတဲ့ အရေအသွေး မလိုအပ်ဘူး။ အဆင်ပြေနေတဲ့ အချိန်မှာ ပျော်ရွှင်ဖို့ဆိုတာ လူတိုင်းက ဖြစ်နိုင်တယ်။ သာမန်စိတ်ခံစားမှု စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်က အဆင်ပြေမှုရှိတိုင်း ရှိတိုင်း သူပျော်ရွှင်နိုင်တယ်။ ထူးခြားတာကတော့ အဆင်မပြေတဲ့ အချိန်မှာ စိတ်မညစ်ဘဲနဲ့ ပျော်ရွှင်အောင်နေတတ်တဲ့ ပုဂ္ဂိုလ်၊ အဲ့ဒီသူကမှ တရားရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်နိုင်တာ။

၅.၆.၂၀၁၉/ အောင်ပန်း

စိတ်ပိုပျော်ရွှင်တဲ့ ပုဂ္ဂိုလ်က သူများအတွက် ပိုတွေးတယ်။ သူများအတွက် ပိုတွေးတဲ့ ပုဂ္ဂိုလ်ကိုက ပိုပျော်ရွှင်တယ်။ ဆိုလိုတာက သူများအတွက် တွေးတတ်တဲ့ ပုဂ္ဂိုလ်နဲ့ စိတ်ပျော်ရွှင်တဲ့ ပုဂ္ဂိုလ် နှစ်ယောက်က တစ်ယောက်တည်းပဲ။ ကိုယ့်ဟာကိုယ် ပျော်ရွှင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင်လုပ်ရင် တစ်နည်းအားဖြင့် လောကကြီးကို အလှဆင်တဲ့ပုဂ္ဂိုလ် အလိုအလျောက်ဖြစ်သွားနိုင်တယ်။

၅.၆.၂၀၁၉/ အောင်ပန်း

ပျော်ရွင်တယ်ဆိုပြီးတော့ သူတို့ကိုသူတို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက အများအကျိုးဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ။ အများအတွက် များများတွေးရမယ်။ သူများက ချီးမွမ်းမှ ကိုယ် စိတ်ချမ်းသာတယ်ဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုသော့ချက်က သူများလက်ထဲမှာ ရှိနေတယ်။ ကိုယ့်လက်ထဲမှာ မရှိသေးဘူး။

၆.၆.၂၀၁၉/ ရန်ကင်း

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts