hapeye

ပို့ကုန် သွင်းကုန် လုပ်ငန်းများတွင် မဖြစ်မနေ လုပ်ဆောင်သင့်သော လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာသင့်သော ဥပဒေများ

(မြန်မာနိုင်ငံသား ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဥပဒေကြောင်းအရ ခိုင်မာမှုရှိစေရန် ရည်ရွယ်ရေးသားပါသည်။)

— Ref ; University of Essex – LL.M in International Trade and Commercial Law – First Credit Bearing Assignment – Procedures and Contractual Relationships for Export and Import across international borders

နိုင်ငံတကာနယ်စပ်မျဉ်းများကို ဖြတ်ကျော်၍ လုပ်ဆောင်ကြရသော ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတို့တွင် ကြီးမားသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ရှိနေကြပါတယ်။ ၎င်းလုပ်ငန်းများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များ ကျယ်ပြန့်လာနိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာအရွေ့များလည်း အားကောင်း သန်မာလာနိုင်ခဲ့ကာ အပြန်အလှန်အားဖြင့် လုပ်ငန်းများ တည်ရှိသော နိုင်ငံများ၏ အမျိုးသား အကျိုးစီးပွားများ ရှင်သန်ပွားများ လာနိုင်ခဲ့ကြမည်ဟု သုံးသပ်ရပါသည်။

ကမ္ဘာလုံးချီ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခြင်းမှတဆင့် နိုင်ငံခြားငွေ လည်ပတ်စီးဆင်း ထိန်းသိမ်းနိုင်မှု အချိုးများမြင့်တက်လာစေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမို ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရပါတယ်။ ထို့အပြင် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများမှတဆင့် အမျိုးအစား စုံလင်သော ကုန်ထုတ်စွမ်းအားစုများ ရရှိမှုကြောင့် အဆင့်မြင့်နည်းပညာများကို မွေးစား ဖန်တီးနိုင်ခြင်းနှင့် အများပြည်သူများ အဆင်ပြေသက်သာစွာ သုံးစွဲနိုင်ရေးအတွက် အကောင်းဆုံးသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ပေးနိုင်ခြင်း အစရှိသော ကောင်းကျိုးများကို ခံစားရရှိနိုင်စေမှာလဲ ဖြစ်ပါတယ်။

လက်တွေ့အခြေအနေတွင်မူ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို လွှမ်းမိုးထားသော အကြောင်းအချင်းအရာများ ရှိနေပါသေးတယ်။ ကုန်သွယ်မှု အတားအဆီးများ၊ ထုတ်လုပ်မှုများတွင် ပြည်တွင်း ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ပြည်ပနှင့် မယှဉ်ပြိုင်နိုင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုး ရေးအတွက် အခြေခံ အဆောက်အအုံများ၌ လိုအပ်ချက်များရှိနေခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့်ခြင်း၊ ခိုင်လုံ ခိုင်မာအားကောင်းသော ဥပဒေအကာအကွယ်များ လိုအပ်နေ ခြင်းအစရှိသည်တို့ဖြစ်ကြပါသည်။

ထို့ကြောင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအား အကောင်အထည်ဖေါ်နိုင်စေရန် အောက်ပါ အချက်များကို မဖြစ်မနေ အကောင်အထည်ဖေါ်ရန် လိုအပ်နေပါတယ်။

ခြုံငုံ သုံးသပ်တင်ပြရမည်ဆိုလျှင် နိုင်ငံတကာဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းတစ်ခု ဆောင်ရွက်ရန်အတွက် လုပ်ငန်း၏ ဦးတည်၊ ရည်မှန်းချက်များ ဦးစွာချမှတ်ရန်နှင့် ဈေးကွက်ရှာ ဖွေမှု သုတေသနလုပ်ငန်းအား ဦးစွာဆောင်ရွက်ထားရန် လိုအပ်ပါလိမ့်မယ်။ ဈေးကွက်ရွေး ချယ်ဝင်ရောက်မှုနှင့် ဈေးကွက်ထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများ၊ ဦးတည်ရာလမ်းကြောင်း များသည် လွန်စွာအရေးကြီးသော အချက်များလည်း ဖြစ်ကြပါတယ်။ နိုင်ငံတကာကုန်သွယ်မှု ဥပဒေများအား လိုက်နာဆောင်ရွက်နိုင်ခြင်းသည် လုပ်ငန်း၏ အမိုးအကာသဖွယ် ဖြစ်လာစေ ပါလိမ့်မယ်။ စီးပွားရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းသည်လည်း အဓိကကျသော အချက်တချက် ဖြစ်ပါတယ်။ နိုင်ငံတကာမှ ရောင်းသူ၊ ဝယ်သူများကို စွန့်ဦးတီထွင်၊ ကုန်သွယ် မှုပြုလုပ်သော တီထွင်ဖန်တီးသူများအဖွဲ့ (ECIC) မှတဆင့် စူးစမ်းမှုများပြုလုပ်နိုင်ရန် လိုအပ်ပါလိမ့်မယ်။ ၎င်းတို့၏ နောက်ခံ အကြောင်းတရားများကို စစ်ဆေးအတည်ပြုနိုင်ဖို့ အလွန် အရေးကြီးပါသည်။ အရောင်းစာချုပ်များ (Sale Contract)၊ အဝယ်စာချုပ်များ (Purchase Contract)၊ ဈေးနှုန်းများ (Quotation) သတ်မှတ်ခြင်း၊ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်း စည်းကမ်းများ (Terms and Conditions) ညှိုနှိုင်း သဘောတူခြင်းတို့သည်လည်း သွင်းကုန်၊ ပို့ကုန် လုပ်ငန်းဆောင်ရွက်ခြင်း၏ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။ ရောင်းကုန်များ၊ ဝယ်ကုန် များအတွက် ငွေကြေး စီမံချက်တရပ် ရေးဆွဲခြင်း (Financing) သည်လည်း လိုအပ်ချက် တရပ် ဖြစ်ပါလိမ့်မယ်။ ပို့ကုန် လုပ်ငန်းများအတွက်မူ စာချုပ်များချုပ်ဆိုခြင်း၊ အရင်းအမြစ်များ စုစည်းခြင်း၊ ထုပ်ပိုးခြင်းနှင့် တံဆိပ်တပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက် ပြင်ဆင်ခြင်း၊ လိုအပ်သော ခွင့်ပြု စာရွက်စာတမ်းများ ရရှိအောင် ပြုလုပ်ခြင်းတို့သည် မဖြစ်မနေ လုပ်ဆောင်ရမဲ့လုပ်ငန်းစဉ်များ ဖြစ်ကြပါတယ်။ ပို့ကုန်ကြေငြာခြင်းနှင့် ပို့ကုန်လိုင်စင်တို့ကို သေချာ တိကျစေရန် စီမံရမှာ ဖြစ်ပါတယ်။ သွင်းကုန်လုပ်ငန်းအတွက်မူ ပေးချေမှုများ ပြုလုပ်နိုင်ရန်နှင့် အရောင်းစာချုပ် အရ အာမခံစနစ်များကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။ သွင်းကုန်ကြေငြာခြင်းနှင့် ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ရန်ဖြစ်ပါတယ်။

အသေးစိတ်ဆိုရလျှင်မူ ပထမဦးစွာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင် မှတ်ပုံတင်ပါ။ ဒုတိယအနေနှင့် ဘဏ်စာရင်းဖွင့်လှစ်၍ အမြဲတမ်းဘဏ်စာရင်းနံပတ် ရရှိအောင် ဆောင်ရွက်ပါ။ ထို့နောက် သွင်းကုန်၊ ပို့ကုန်လုပ်ငန်း လိုင်စင်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ ရောင်းချ၊ ဝယ်ယူမည့် ကုန်စည်စာရင်း ပေးပို့စစ်ဆေးခံပါ။ ခွင့်ပြုသတ်မှတ်မှုထက် ကျော်လွန်နေလျှင် အဆင်ပြေမည် မဟုတ်နိုင်ပါ။ ထို့အပြင် အခြားသော အာဏာပိုင်များနှင့် ပူးတွဲ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း လွန်စွာ အရေးကြီးလှပါတယ်။ အခြားသော လိုအပ်ချက်များအတွက် သင့်တော်သလို ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်မှု ဝန်ကြီးဌာန၏ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် အသင်းဝင် ဖြစ်လာစေရန် လုပ်ဆောင်ပါ။ အသင်းဝင်များအား ဝန်ကြီးဌာနမှများစွာ ပံပိုးမှုများ ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ Certificate of Origin လက်မှတ်ရရှိအောင် စွမ်းဆောင်ပါ။ proforma invoice, packing list, certificate of origin, export declaration, HS code များနှင့်တကွ တန်ဖိုးများ၊ ခရီးစဉ် ဦးတည်ရာအရပ်ဒေသ၊ လက်ခံ အချက်အလက်များ ပါဝင်သော အရောင်းအဝယ် Sample များကို ဖြစ်နိုင်ချေရှိ နိုင်ငံတကာဝယ်သူ၊ ရောင်းချသူများထံ ပေးပို့ရန် လိုအပ်ပါတယ်။

ပေးပို့လိုက်သော Sample ကို ဖြစ်နိုင်ချေရှိ ဝယ်ယူသူ၊ ရောင်းချသူများမှ လက်ခံလျှင် ကျန်ရှိသော အဆင့်များသည် ဥပဒေပိုင်းဆိုင်ရာ (Contractual Relationship) လုပ်ငန်းစဉ်များ ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်လာပါလိမ့်မယ်။

အဓိက အရေးကြီးအချက်များဖြစ်သော အောက်ပါတို့ကို စာချုပ်များ ချုပ်ဆိုကြရမှာ ဖြစ်ပါတယ်။
1. price of the goods and total price
2. shipping date
3. description of the goods with HS code
4. ordered quantity, delivery term (EXW; FOB; CIF)
5. payment terms (TT, LC, DC)
6. inspection and warranty terms
7. agreed advance-payment %
8. balance payment %
9. packing details
10. required docs provided by exporter
11. step-by-step process of the work,

ထို့အပြင် အောက်ဖေါ်ပြပါ စာရွက်စာတမ်းများကိုလည်း နိုင်ငံတကာ ဥပဒေအရ ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
1. Proforma Invoice (PI)
2. Sale-Purchase Contract
3. Packing List (PL)
4. Bill of landing/Airway bill/Railway bill
5. Certificate of Origin (C/O)
6. CE Certificate
7. Material Safety Sheet (MSD)
8. Freight insurance certificate

နိုင်ငံတကာ ကုန်သွယ်မှု ဥပဒေအရ ထပ်မံဆောင်ရွက်ရမည့် စာရွက်စာတမ်းများကို စုစည်း လိုက်လျှင်မှု အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။
1. commercial documents related to goods
2. commercial documents related to shipment
3. commercial documents related to payment
4. commercial documents related to inspection
5. commercial documents related to excitable goods
6. commercial documents related to foreign exchange regulation
7. regulatory documents related to goods
8. regulatory documents related to shipment
9. regulatory documents related to payment
10. regulatory documents related to inspection
11. regulatory documents related to excitable goods
12. regulatory documents related to foreign exchange regulation

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်း အရောင်းစာချုပ်များ (Local Sale Contract) နှင့် ပြည်ပ အရောင်းစာချုပ် (International Sale Contract) တို့၏ ခြားနားသော သဘော သဘာဝများ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ အငြင်းပွားမှုများအတွက် အငြင်းပွားမှု ဥပဒေများ (Confilct Law)၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့အစည်း (International Chamber of Commerce – ICC) မှ ချမှတ်ထားသော လိုက်နာရမည့် စည်းမျဉ်းများ (Incoterm)၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ဥပဒေများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအတွက် ချုပ်ဆိုရသော စာချုပ်စာတမ်းများ၊ Letter of Credit များသည် ဥပဒေပိုင်းဆိုင်ရာ ကူးလူးဆက်ဆံမှု (Contractual Relationship) တွင် ပါဝင်နေသော အကြောင်းအရာများသည် မဖြစ်မနေ လိုက်နာသင့်သော ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအဖြစ် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များမှ ဥပဒေစီမံချက်များရေး ဆွဲ အကောင်အထည်ဖေါ်ရန် အရေးတကြီး လိုအပ်လှပါသည်။

ဥပမာအနေနှင့်မူ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ အတိုင်း လိုက်နာ လက်ခံ၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအား အကောင်အထည်ဖေါ်နေသည့် အားလျှော်စွာ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ ဖြေလျှော့ပေးခြင်းအရ နိုင်ငံဖြတ်ကျော် ကူးသန်း ရောင်းဝယ် ဖေါက်ကားခြင်းကဏ္ဍတွင်လည်း အခွင့်အလမ်းအသစ်များကို ဖေါ်ဆောင်လျှက် ရှိနေပါသည်။ အထူးသဖြင့် လူဦးရေ ထူထပ်များပြားသော တရုပ်နှင့် အိန္ဒိယနိုင်ငံ၊ အခြေခံ စားကုန်မှအစပြု၍ လူသုံးကုန်ပစ္စည်းများတွင် ကြီးကြီးမားမား မှီခိုမှုပြုနေရသော ထိုင်းနိုင်ငံတို့ ဖြစ်ကြပါသည်။

နိဂုံးချုပ်အနေနှင့်မူ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများကို လေးစား လိုက်နာခြင်းသည် နိုင်ငံတိုင်းတွင်ရှိသော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအတွက် ရေရှည် အကျိုး စီးပွားကို ဖြစ်ထွန်းစေသော အကြောင်းအချင်းအရာတခု ဖြစ်ပါကြောင်း၊ ခိုင်မာသော ဥပဒေစီမံ ချက်များဖြင့် မိမိလုပ်ငန်းကို ဖွံ့ဖြိုးစေခြင်းသည် အသက်ရှည်ရာ အနာမဲ့ခြင်း ဆေးတစ်ပါးပင် ဖြစ်ပါကြောင်း ..

နောက်ဆောင်းပါးတွေမှာ ဒီ့ထက် ပိုကြိုးစား တင်ပြပါဦးမယ်။

Phoe Phyu & Associated Law Firm Website မှ ကူးယူဖော်ပြပါသည်။

Related Posts