နောက်ထပ်လျှို့ဝှက်ချက် ၂ခု၊ ရုံးမှအဆင်မပြေသည့်နေ့ကို ပြောင်းလဲယူခြင်း

နောက်ထပ်လျှို့ဝှက်ချက် ၂ခု၊ ရုံးမှအဆင်မပြေသည့်နေ့ကို ပြောင်းလဲယူခြင်း

(Two more secret weapons – Turning around a bad day at work)

လျှို့ဝှက်ချက် ၄။ အောင်မြင်မှုအတွက် ဝတ်စားဆင်ယင်ပါ

(Secret #4 – Dress for success)

ဤလျှို့ဝှက်ချက်သည် နောက်ထပ် ယုံကြည်အားထားရသည့်လုပ်ငန်းဆိုင်ရာ ဂန္တဝင်အချက်အလက်တစ်ခုဖြစ်သည်။ သင်၏ ဝတ်စားဆင်ယင်မှုသည် သင့်ကို ဝစေသည်၊ ရင့်စေသည်၊ နွမ်းလျစေသည်၊ သက်သောင့်သက်သာမရှိဟု ခံစားမိလျှင် သင့်ဘာသာ အလုပ်တွင် အဆင်မပြေသည့်နေ့တစ်နေ့ကို အမှတ်တမဲ့ ဖန်တီးခြင်းနှင့် တူသည်။ ကျွန်မတို့အပေါ် ကျွန်မတို့၏ ရုပ်ရည်ရူပကာအသွင်အပြင် အပါအဝင် ကျွန်မတို့၏ခံစားချက်များက တိုက်ရိုက်လွှမ်းမိုးမှု ရှိကြသည်။ 

သင် တကယ်တမ်းတွင် ဝတ်စုံငါးစုံသာ လိုအပ်သည်။ ဤအချက်သည် အထက်တန်းကျောင်းတွင် ပေါ်ပြူလာဖြစ်ရန် တိုင်းတာနည်းကို ဆန့်ကျင်သည်။ သို့သော်မှန်သည်။ သင့်မှာ အပတ်စဉ် ဝတ်စုံတစ်စုံ အသစ်ရှိသည်ဟု ဝတ်ပြမည့်အစား သင်နှင့် ကွက်တိကိုက်ညီမှုရှိသောဝတ်စုံအဟောင်းများကို တန်တာဆင်ပြီး ဝတ်ပါ။ ခေါင်းစည်းပဝါ၊ နားကပ်၊ ကွဲပြားသောလည်စီးတို့နှင့် တွဲဝတ်ပါ။ ထိုလေ့ကျင့်ခန်းကို သင် သိပါသည်။

လျှို့ဝှက်ချက် ၅။ လုပ်ငန်းခွင်သည် လူကြီးများ၏ ကစားကွင်းသာဖြစ်သည်။

(Secret #5 – The workplace is just an adult’s playground)

ကျွန်မတို့အားလုံးသည် စိတ်ထဲတွင် ခုနစ်တန်းကျောင်းသားများသာ ဖြစ်ကြသည်ကို သိထားပါ။ လုပ်ငန်းခွင်သည် လူကြီးများအတွက် ကျောင်းကစားကွင်းတစ်ခုသာ ဖြစ်သည်။ ဗိုလ်ကျသူရှိမည်၊ ရဲတင်းသူ ရှိမည်၊ ကြွားဝါသူရှိမည်။ ပိုအရေးကြီးသည်မှာ ကျောင်းသားအသစ် ရှိမည်၊ ကြောက်တတ်သူရှိမည်၊ စီမံလုပ်ဆောင်တတ်သူရှိမည်။ သင်၏ အဆင်မပြေသောနေ့ကို အလှည့်အပြောင်းလုပ်ရန် သင့်ဌာနမှဖော်ပြပါ ‘ကလေး’ သုံးဦးနှင့် ရင်းနှီးအောင် လုပ်ပါ။ ပထမ ကလေးနှစ်ယောက် (အသစ်နှင့်ကြောက်တတ်သူ) တို့သည် သင်က သူတို့ကြောက်ရွံ့ခြင်းကို လျော့နည်းအောင် ကူညီသဖြင့် ကျေးဇူးတင်လာသည်ကို သင်ပီတိ ဖြစ်မည်။ စီမံလုပ်ဆောင်တတ်သူသည် သင့်အား သင့်လုပ်ဖော်ကိုင်ဖက်အဖြစ်် နည်းပြပေးရန် (ကောင်းရာညွှန်ပြပေးရန်) သင် ရရှိနိုင်သည့် အခွင့်အရေး ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်သည် အလုပ်တွင်တိုးတက်မှုလမ်းကြောင်း လှေခါးကို တက်လျက်ရှိပြီး သင့်လှေခါးကတော့ နံရံ အမှားတွင် မှီထောင်ထားမိသည်။ ထို့ကြောင့် ကျောင်းသားအသစ်၊ သို့မဟုတ် စီမံလုပ်ဆောင်တတ်သူကို နောက်အစည်းအဝေးတွင် သင့်စားပွဲ၌ လာထိုင်ရန် ဖိတ်ခေါ်ပါ။ ဤသတ္တိနှင့် ကြင်နာမှုကိ ပြသည့်လုပ်ရပ်ကလေးများမှ သင့်ကို ချီးမြှင့်သည့်ဆုမှာ လုပ်ငန်းခွင်တွင်သာလွန်ကောင်းမွန်သည့်နေ့တစ်နေ့ကို ရရှိစေခြင်းဖြစ်သည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ်စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts