နေပူမိုးရွာ အပိုင်း (၇)

နေပူမိုးရွာ အပိုင်း (၄)

နေပူမိုးရွာ အပိုင်း (၄) – “ဘာပြောကောင်းမလဲဗျာ … ခွေးပြေးဝက်ပြေး ပြေးလိုက်ရတာ ဘယ့်နှယ့်ဗျာ … ဂက်စ်မီးတောက်နဲ့ ဒီလောက်တောင် အပူပေးထားတဲ့ သော့ကို သွားကိုင်တာကိုး … ဒီကောင်က အဲ့ဒီလောက် စိတ်မချရတာ”

မဟာကာဘောလိပ်က သူ့ညီကို အပြစ်တင်သည်။ စူဠကာဘော်လိပ်ကလည်း “အောင်မယ် … မင်းကကောကွ၊ လူတွေနိုးပြီး ထလိုက်တော့ ကိုယ်လွတ်ရုန်းပြီး တစ်ယောက်တည်း ပြေးတာမဟုတ်လား၊ ငါ့မှာသာ ဂက်စ်ဘူးကြီးက တစ်ဘက် … ပစ္စည်းကိရိယာတွေ တိုးလိုးတွဲလောင်းနဲ့ အထွက်မှာ ခါးပတ်က သံဆူးကြိုးနဲ့ ငြိပြီး ဂဏန်းလက်မတစ်ခုနဲ့ ပလာယာတစ်ခု ကျကျန်ခဲ့သေးတယ် … ကိုယ်က မရတဲ့အပြင် ကိုယ့်ဆီကပစ္စည်းတောင် ပြန်ပါသွားသေးတယ်”

“ဟား ဟား ဟား … အစ် အစ် အစ် …” ဖိုးထောင်က သူ့တစ်ယောက်တည်းသာ ရယ်တတ်သော တကျီကျီအသံဖြင့် ရယ်လိုက်သည်။ ထို့ကြောင့်ပင် သူ့ကို ပုရစ်ဟု ခေါ်ကြခြင်းဖြစ်သည်။ “မင်းတို့ညီအစ်ကိုနှစ်ယောက်က သိပ်မထူးပါဘူးကွာ … ဟိုပုံပြင် ရှိပါရောလား၊ ကျေးညီနောင်လေ … လေမုန်တိုင်းကျပြီး တစ်ကွဲစီ ပျံသွားကြတာ၊ တစ်ကောင်က သူတော်ကောင်း ရသေ့ကြီးဆီရောက်ပြီး တစ်ကောင်က လူဆိုးတွေဆီ ရောက်သွားတာလေ … မင်းတို့ညီအစ်ကိုကတော့ လေမုန်တိုင်းတိုက်ရင် လူဆိုးတွေဆီကိုချည်း နှစ်ကောင်လုံး သူ့ထက်ငါ ဦးအောင်ပျံကြမယ့်ကောင်တွေ …” ညီအစ်ကိုနှစ်ကောင်က ပုရစ်ကို တစ်ယောက်တစ်ခွန်းစီ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်သည်။

ဆေးပေါ့လိပ်တိုကလေးကိုဖွာ၍ မှိန်းရင်း လှဲနေသော မှော်ဆရာက ထထိုင်လိုက်ပြီး “အင်း … ကိုယ်နဲ့ အဖော်ခေါ်သွားတဲ့ သူက အသုံးမကျရင် ပြဿနာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ် … တစ်ခါတလေကျတော့လည်း အဖော်မပါဘဲ တစ်ယောက်တည်း ခံရတတ်တယ်ကွ …”

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts