စိတ်အနားပေးဖို့ ချက်ချင်းလုပ်ရမယ့်အချက်

စိတ်အနားပေးဖို့ ချက်ချင်းလုပ်ရမယ့်အချက်

တစ်ခါတစ်လေ အလုပ်များလွန်းတာဟာ သိပ်ပြီး ပုံမှန်လိုဖြစ်တော့ ကျွန်တော်တို့ရဲ့စိတ်နဲ့ ကျွန်တော်တို့ရဲ့ နှလုံးသား ချိတ်ဆက်ဖို့၊ ကိုယ့်လိပ်ပြာ ကိုယ့်ခန္ဓာထဲ ပြန်ရောက်ဖို့ အချိန်လိုတယ်ဆိုတာကို သတိမပြုမိကြပါဘူး။

ဒီစာအုပ်မှာပါတဲ့ အလေ့အကျင့်လေးတွေက ကိုယ်နဲ့စိတ်ကို ကပ်ဖို့လိုတဲ့အချိန်လေးပေးဖို့ ရည်ရွယ်ထားပါတယ်။ အချိန်အများကြီးပေးစရာ မလိုသလို ရှုပ်ထွေးတာလည်း မဟုတ်ပါဘူး။ ဒီစာအုပ်က လေ့ကျင့်ခန်းတွေက လိုအပ်တာလေးတွေ၊ လုပ်နည်းလုပ်ဟန်လေးတွေကို ညွှန်ပြပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ကျွန်တော်တို့လိုအပ်တာက အသက်ရှူပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံပါပဲ။ တစ်ခါတစ်ခါတော့လည်း ကျွန်တော်တို့နဲ့ စကားပြောနေတဲ့လူရဲ့ စူးစူးစိုက်စိုက်အကြည့်ကို ခံလိုက်ရုံပါပဲ။ ဒါမှမဟုတ် လက်ထဲက လက်ဖက်ရည်ခွက်ရဲ့ အနွေးဓာတ်ကို အရသာခံလိုက်ရုံပါပဲ။ တစ်ခါတစ်ခါမှာတော့ ဒီစာအုပ်ထဲက အလေ့အကျင့်တွေကို အသက်ရှူလိုက်၊ ထုတ်လိုက် လုပ်ရုံလေးပါပဲ။

စိတ်ကို ခဏအနားပေးခြင်းဆိုတာက လေ့ကျင့်ယူရမယ့်ကိစ္စပါ။ တခြားလူတွေရဲ့ဆူညံသံတွေကြားမှာ နိုးနိုးကြားကြားနေတတ်တဲ့ အနုပညာပါ။ စိတ်ကို ခဏတာအနားပေးပါဆိုတဲ့ ဒီစာအုပ်လေးက သင့်အတွက် မေတ္တာ၊ ကရုဏာတွေ ပေးစွမ်းနိုင်တဲ့ အလေ့အကျင့်တွေ ဖော်ပြပေးထားပါတယ်။

ဘဝဆိုတာ သင့်အတွက်ဆိုတဲ့ ယုံကြည်ချက်ပေးတာပါ။ ဘဝဆိုတာ သင့်အတွက် ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ ဘဝဆိုတာ နာကြည်းစရာ မဟုတ်ပါဘူး။ သင့်ဘဝမှာလည်း ပိုပြီးကြီးမားတဲ့ အင်အားတွေဆိုတာလည်း ရှိနေပါတယ်။

ဒီဘဝတစ်လျှောက်လုံးမှာ သင်နဲ့ အကျွမ်းတဝင်ဖြစ်တဲ့ ခရီးလမ်းတစ်ခုကို သင့်နည်းလမ်းနဲ့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကြိုတင်မသိနိုင်တဲ့ ဆုံးခန်းတိုင်အတွက် သင့်ဘဝကို ဖွင့်ချခွင့်ပေးထားတာ ဖြစ်ပါတယ်။

သင့်ကိုယ်ပိုင်စိတ်ကို ခဏတာအနားပေးဖို့နည်းကို ဆက်လက်ရှာဖွေနိုင်ဖို့အတွက် အချက် ၅- ချက်ကို ဆက်ပြီး ဖော်ပြထားပါတယ်။

၁။ ဘဝရဲ့ရည်ရွယ်ချက် သင် လျှောက်လှမ်းမယ့်လမ်းကို ပိုပြီး နက်နက်နဲနဲ နားလည်စေဖို့ လိုလားတယ်ဆိုရင် အောက်ပါအပြောအဆို၊ အသွားအလာလေးကိုသုံးပါ။

ဆရာ့ဆီ ကျွန်တော်သွားပြီးမေးလိုက်ပါတယ်။ “ဆရာ ကျွန်တော် ဘာသိသင့်သလဲ” နောက် ဆရာက ပြောလိုက်ပါတယ်။ _ _ _ _ _ _ _ _ _ _

၂။ ဘဝမှာ သင်ဘာလိုအပ်သလဲဆိုတာနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်ဆိုရင် အောက်ပါအပြောအဆို၊ အသွားအလာလေးကို သုံးပါ။

ကျွန်တော်လိုချင်တာက _ _ _ _ _ (နက်နက်နဲနဲပြောပါ။ သင့်ဘဝအတွက် ဥစ္စာပစ္စည်း ရုပ်ဝတ္ထုထက် ပိုတာတွေကို ပြောပြပါ။)

၃။ သင်ဟာ စိတ်လေးပြီး အကျပ်ရိုက်နေပြီဆိုရင် အဟောင်းတွေကို ပစ်ပြီး အသစ်တွေအတွက် လမ်းဖွင့်ပေးချင်ရင်

ကျွန်တော် _ _ _ _ _ ကို သွားစေချင်ပြီး _ _ _ _ _ တွေကို ဝင်လာစေဖို့ ရွေးချယ်ပါတယ်။

၄။ သင့်ရဲ့ ဘဝလမ်းခရီးမှာ ပိတ်ဆို့ပြီး အတားအဆီးတွေက ဘာတွေလဲဆိုတာ သိချင်တယ်ဆိုရင်

လက်ရှိ ကျွန်တော်ဘဝ၊ ကျွန်တော့်အခြေအနေ၊ ကျွန်တော့်အကြောင်း မသိချင်တာတွေက ဘာတွေလဲ။

၅။ သင့်ဘဝအကြောင်း လေးလေးနက်နက် ပြန်စဉ်းစားဖို့၊ ဘဝမှာ အောင်ပွဲခံဖို့ အချိန်အနည်းငယ် သုံးချင်တယ်ဆိုရင်

ကျွန်တော် ဝမ်းသာရတဲ့အကြောင်းကတော့ _ _ _ _ _ _ _ _ _ _

ဆရာမျိုးလွင်ဘာသာပြန်ထားသော စိတ်ကို ခဏအနားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

အတွေးအခေါ်

Related Posts