စိတ်ရဲ့ငြိမ်သက်ခြင်း

စိတ်ရဲ့ငြိမ်သက်ခြင်း (2)

ငါသွားတဲ့လမ်းမှာ ဘယ်သူနဲ့မှ ပခုံးချင်းတိုက် သွားစရာ မရှိပါဘူး …
ငါလမ်းဖယ်ပေးလိုက်ရတဲ့ သူလည်း တစ်ယောက်မှ မရှိပါဘူး …
ဘယ်သူနဲ့မှ ယှဉ်ပြိုင်စရာမလိုတဲ့ ဘဝကို ငါရွေးချယ်ခဲ့တယ် …
ဘယ်သူနဲ့မှ မနာလိုစရာမရှိတဲ့ ဘဝကို ငါရွေးချယ်ခဲ့တယ် …
ငါ့ကြောင့် လောကကြီး ပျက်စီးသွားတာ မရှိခဲ့သလို …
လောကကြီးဆီကလည်း နည်းနိုင်သမျှ အနည်းဆုံးသာ ယူခဲ့တယ် …

ကိုယ်နေတဲ့ အသိုင်းအဝိုင်းအပေါ် ဘယ်တုန်းကမှ လုပ်မစားခဲ့ဖူးသလို …
လူတွေရဲ့ မသိနားမလည်မှုအပေါ်မှာလည်း ဘယ်တုန်းကမှ အမြတ်မထုတ်ခဲ့ဖူးဘူး …
ငါ့ဘဝတစ်ခုတည်းအပေါ် မျှော်လင့်ချက်သာ ထားရမယ်ဆိုရင် …
ကြောက်ခြင်း စိုးရိမ်ခြင်းအလျင်းမရှိတဲ့စိတ်ကိုသာ လိုချင်တယ် …
ငါအများဆုံးသာ ချစ်ခဲ့တယ် … ။

ဆရာမထက်ထက်ထွန်း ရေးသားသော “စိတ်ရဲ့ ငြိမ်သက်ခြင်း” စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။

Related Posts