စကားပြောခြင်းအကြောင်းပြောကြစို့

စကားပြောခြင်းအကြောင်းပြောကြစို့

(Let’s talk about talk)

ယခုမှစပြီး သင့်အသုံးပြုသည့် စကားအသုံးအနှုန်းများကို ဂရုပြုပါ။ သင် ‘…သင့်တယ်’၊ ‘…ဖို့လိုတယ်’၊ ‘…မှ ဖြစ်မယ်’ စသည့် စကားလုံးများသုံးနေပါသလား။ သင် ထိုသို့တွေးနေသည်၊ သို့မဟုတ် ပြောနေသည်ဆိုလျှင် သင့်ကိုယ်သင် (နှင့်အခြားလူများကို) သင့်မှာ တစ်ကိုယ်ရေအစွမ်းအစမရှိကြောင်း ဖော်ပြနေသည်။ ကျွန်ုပ်တို့ စကားအသုံးအနှုန်းသည် ထင်ရာမြင်ရာမဟုတ်ပါ။

သုတေသနများအရ မိမိကိုယ်ကို ပြက်လုံးထုတ် ဟာသလုပ်ခြင်းကိုပင်လျှင် မသိစိတ်မှ အမှန်တရားဟု မှတ်ထင်သည်။ ထို့ကြောင့် ‘ငါတကယ်ကို ကိုးရိုးကားယားနိုင်တာပဲ’ ဟု သင် အော်ပြောလျှင် သင့်မသိစိတ်သို့ သင် ကိုးရိုးကားယားနိုင်ခြင်းကို အတည်ပြုလိုက်ခြင်းနှင့် အတူတူပင်။

မိမိအားနည်းချက်များကို ပြက်လုံးထုတ်ခြင်းထက် ပိုဆိုးသည်မှာ ‘အသုံးမကျသည့်အဆုံးသတ်’ စကားရပ်များ ပြောခြင်းဖြစ်သည်။  ဤစကားရပ်များသည် သင့်ကိုယ်သင် ပိုမိုကောင်းမွန်သော အပြောင်းအလဲကို လုပ်နိုင်လျက်နှင့် အချိန်ဆွဲထားမည်ဆိုသည်ကိုပြသည့် လတ်တလော ဆင်ခြေစကားများဖြစ်သည်။

‘ငါကိုက ဒီလိုပဲလေ’။

‘ငါက မနက်ပိုင်းမှာဆိုရင် အလုပ်မဖြစ်ဘူး’။

‘ဘဝဆိုတာ ဒီလိုပဲ’။

ဤတုံ့ပြန်မှုမျိုးကို ဖယ်ရှားသုတ်သင်ရန် ကြိုးစားခြင်းသည် သင်၏ အဆိုးဆုံးရည်မှန်းချက်တစ်ခုတော့ မဖြစ်နိုင်ပါ။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts