ငါးသလောက်ပေါင်းနည်း

ငါးသလောက်ပေါင်းနည်း အိမ်ရှင်မများဟာ နေ့တိုင်းနေ့တိုင်း ကိုယ့်မိသားစုအတွက် အကောင်းဆုံးသော ဟင်းလျာများကို ချက်ပေးပြီး ပျော်ရွှင်မှုကို ဖန်တီးနေပေးကြတာဟာ အမှန်တရားပါပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ မွေးလာစတည်းက ပညာစုံမတတ်ပါဘူး။ အိမ်ရှင်မများဟာလည်း ဟင်းချက်တဲ့အနုပညာကို အမြဲသင်ယူနေကြသူတွေပါ။မိခင်စိတ်ရဲ့ စေတနာဟာ ကြီးမားတဲ့အတွက် မိသားစုအတွက် သင်ယူဖို့အသင့်ဖြစ်နေကြသူတွေပါ။ ယနေ့မှာတော့ အကောင်းစားဟင်းလျာတစ်ခွက်လို့ခေါ်နိုင်တဲ့ ငါးသလောက်ပေါင်းနည်း ကို ဖော်ပြပေးသွားမှာပါ။ အချိူ့အိမ်ရှင်မတွေ အတွက် ခက်ခဲသောဟင်းတစ်ခွက်မဖြစ်ရလေအောင် ဆက်လက်ဖတ်ရှူစေလိုပါတယ်။ ‌ဖတ်ရ‌တာအဆင်ပြေအောင် အဆင့်ဆင့်ခွဲရေးပေးထားပါတယ်နော်။

၁။ငါးသလောက်အားဆေးကြောသန့်စင်ပါ။

၂။ထို့နောက် ဗီနီကာ၊ ဆား နှင့် နနွင်း တို့ကို လိုသလောက်မှန်းဆထည့်ကာ နယ်ပါ။

၃။ သံပုရာသီးကို ငါးအချိန်အဆပေါ်မူတည်ကာ ညှစ်ထည့်ပြီး နှစ်နာရီကြာနှပ်ထားပါ။ အရိုးများပါပျော့စေရန် ဖြစ်ပါတယ်။

၄။ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကိုထောင်းထားပါ။

၅။ ဆီလိုသလောက်ထည့်၍ ဆီပူလာလျှင် နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။

၆။ ကြက်သွန်နီ၊ဂျင်း နှင့် ကြက်သွန်ဖြူထောင်းပြီးသား အနစ်ဖြင့် ဆက်လက်ဆီသတ်ပါ။

၇။ ကြက်သွန်နံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။

၈။ ထို့နောက်နှပ်ထားသော ငါးအသားတုံးများအား ထည့်ကာ အနည်းငယ်နှံ့အောင် လှိမ့်ပြီးပါက ရေများများထည့်ကာ    အဖုံးသာအုပ်ထားလိုက်ပါ။

၉။ အဖုံးလုံစေဖို့လည်းသတိပြုပါ။

၁၀။ ရေခမ်းတိုင်း ပြန်ပြန်ဖြည့်ကာ လေးနာရီကျော်ကြာအထိ ပြုတ်ထားပါ။

၁၁။ ငါးအသားတုံးအား လက်နှင့်ဖိကြည့်ကာ အရိုးပျော့မပျော့စမ်းပါ။

၁၂။ အရိုးများပျော့သည်အထိ ရေခမ်းတိုင်းထပ်လောင်းဖြည့်ကာ ပြုတ်ပါ။

၁၃။ အရိုးများပျော့ပါက ခရမ်းချဉ်သီး နှင့် ကရဝေးရွက်တို့ထည့်ကာ ဟင်းအနှစ်ထွက်သည်အထိ ချက်ပါ။

၁၄။ ဖြေးညင်းစွာ ယောင်းမနှင့် မွှေမှသာ အသားတွေ မကျေမှာမို့ သတိထားပါ။

၁၅။ ဆီပြန်လျင် အောင်မြင်စွာပြီးဆုံးပါပြီ။

သုတ

openmoreonline

Related Posts