ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ်

ငါ့အတွက် ငါရှိတယ် (၁)

အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာ ဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး၊ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘဝကို အလဟဿ မဖြစ်ပါစေနဲ့။ ဒီနေ့ဆင်းရဲတယ်ဆိုတာ ကိုယ့်အပြစ်မဟုတ်ပါ။ ဒါပေမဲ့ နောက်တစ်နှစ်မှာ ဆင်းရဲသေးတယ်ဆိုရင်တော့ တစ်ခုခုမှားနေပြီ။ ဘယ့်သူကိုမှ အပြစ်မတင်နဲ့ ကိုယ့်ကြောင့်ပါပဲ။ မွေးလာတာဆင်းရဲတာ ကို့ယ်အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ သေတဲ့အချိန်မှာ ဆင်းဆင်းရဲရဲ သေတယ်ဆိုရင် ကိုယ့်အပြစ်ပါ။

မိဘက ဆင်းရဲပေမဲ့ မင်းလက်ထက်မှာ ချမ်းသာအောင် လုပ်ပြလိုက်စမ်းပါ။ မင်းလုပ်နိုင်တယ်။ ဘဝကြီးဆိုတဲ့ အရာက အမြဲချိုနေရင်လည်း မကောင်းဘူး။ တခါတလေ ခါးသွားမှ မိတ်ဆွေ အစစ်အမှန်ဆိုတာတွေကို ပေါ်ပေါက်လာစေတာ မဟုတ်လား။ လူတစ်ချို့က ကိုယ့်ဘဝကို သူတို့အတွက် နင်းခြေစရာအရာတစ်ခုအဖြစ် သတ်မှတ်ကြတဲ့အခါ ကိုယ့်ဘဝကို အညစ်ပေမခံပါနဲ့။ ကိုယ့်ဘဝကို ဘာမဟုတ်တဲ့ အရေးမပါ အရာမရောက်တဲ့ အဲ့လူတစ်ချို့ကြောင့် စွန်းထစ်ညစ်ပတ်အောင် မလုပ်မိပါစေနဲ့။ ကိုယ့်ဘဝကို ကိုယ်သာ အရောင်ခြယ်ခွင့်ရှိတယ်။ ကိုယ်လျှောက်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် ဖျက်ဆီးတဲ့လူ မဖြစ်ပါစေနဲ့။ ခံစားချက်ကို ဦးစားအပေးမိပါစေနဲ့။

အချိန်‌တွေ ကုန်တာချင်းတူပေမဲ့ စက္ကန့်တိုင်းမှာ လောဘဒေါသအားက ဘယ်လောက်များသွားသလဲဆိုတာ သတိထားဆင်ခြင်မှ တန်ရာကျပေမည်။ အလုပ်တစ်ခုကို မနေ့က လုပ်ခဲ့တာထက် ပိုကောင်းအောင် လုပ်နိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အကောင်းဆုံးကြိုးစားပါ။

ဆရာလင်းရောင်စင် ၏ “ငါ့အတွက်ငါရှိတယ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။

OpenYourBusinessOnline

Related Posts