ကြက်သားဆီပြန်ဟင်း

ကြက်သားဆီပြန်ဟင်း

ပါဝင်သောပစ္စည်းများ

  • ကြက်သား – ငါးဆယ်ကျပ်သား
  • ကြက်သွန်နီ – ငါးကျပ်သား
  • ကြက်သွန်ဖြူ – သုံးဥ
  • ဆီ – ခုနစ်ကျပ်သားခွဲ
  • ငရုတ်သီးအပွ – လေးတောင့်
  • ငံပြာရည်၊ ဆား – သင့်ရုံ
  • ချင်း – အနည်းငယ်
  • နနွင်းမှုန့်၊ ဟင်းခတ်မှုန့် – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားများကို အနေတော်အရွယ် တုံး၍ရေဆေးပါ။ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်တို့ဖြင့် နယ်ပါ။

*ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ချင်းတို့ကို ညက်အောင်ထောင်းပါ။

*ဆား၊ ငံပြာရည်ဖြင့် နယ်ထားသော ကြက်သားများကို ဆီထည့်ပြီး ထပ်နယ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်းပြီးသားကို ဆီသတ်ပါ။ ကြက်သားတုံးများ ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးတော့ တည်ပါ။ ရေခန်းပါက ကြက်သားမနူးသေးလျှင် ရေထပ်ထည့်နိုင်သည်။

*ကြက်သားနူးရင် မဆလာခတ်ပြီးတော့ ဆီပြန်မှ အလွန်မွှေးကြိုင်သော၊ ခံတွင်းမြိန်သော ကြက်သားဆီပြန်ဟင်းတစ်ခွက် အသင့်စားဖို့ ရပါပြီ။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts