ကြက်ချဉ်စပ်

ကြက်ချဉ်စပ်

ပါဝင်သောပစ္စည်းများ

  • ကြက်သား – နှစ်ဆယ့်ငါးကျပ်သား
  • ကြက်သွန်နီ – သုံးဥ
  • ကြက်သွန်ဖြူ – တစ်ဥ
  • ခရမ်းချဉ်သီး – သုံးလုံး
  • ချင်း – အနည်းငယ်
  • ငရုတ်သီးစိမ်း – ငါးတောင့်
  • ရှောက်သီး – အနည်းငယ်
  • ကြက်ဥ – နှစ်လုံး
  • ငံပြာရည် – သင့်ရုံ
  • ကော်မှုန့် – သင့်ရုံ
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • ဆီ – တစ်ဆယ်ကျပ်သား

ပြုလုပ်နည်းအဆင့်ဆင့်

*ကြက်သားအတုံးကလေးများကို ကြက်သွန်ဖြူ၊ ချင်း၊ ကြက်ဥ၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့နှင့် ရောနယ်ပါ။

*ဆီအိုးတည်ပြီး ကြက်သားကြော်ပါ။ ကြော်ပြီးဆီစစ်ပါ။

*ငရုတ်သီးဆီသတ်ပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ထို့နောက် ရောပြီး ဆီသတ်ပါ။

*ဆီသတ်အိုးထဲသို့ ကြော်ပြီးသား ကြက်သားထည့်ပါ။ ရှောက်ရည်ထည့်တည်ပြီး နောက်ဆုံးတွင် ကော်ရည်အနည်းငယ် ထည့်ရပါမည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts