ကျွမ်းကျင်မှုနှင့် အထုံပါရမီ

ကျွမ်းကျင်မှုနှင့် အထုံပါရမီ

လူသားတစ်ဦးချင်းစီ၌ ကျွမ်းကျင်မှုနှင့် အထုံပါရမီ အနည်းနှင့်အများ ပါရှိနေသည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ထားရန် လိုအပ်သည်။ အချို့လူများသည် မွေးရာပါ အထုံပါရမီ အရ ပြေးခုန်ပစ်အားကစားသမားများ ဖြစ်လာတတ်ကြသည်။ အထုံပါရမီပါသော အပြေးသမားဖြစ်ပါက တာပေါင်းများစွာအထိ များစွာအားစိုက်ထုတ်ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးပင် ပြေးနိုင်စွမ်းရှိတတ်ကြသည်။

ထိုသို့ အထုံပါရမီ အမျိုးမျိုးအလိုက် အချို့က ဂီတပညာရှင်များ ဖြစ်လာကြပြီး တေးသွားတစ်ခုကို တစ်ကြိမ်နားထောင်ရုံမျှဖြင့် အလွတ်ရရှိနေတတ်ကြသည်။ ထိုနည်းတူ အချို့သောပါရမီရှင်များက ကွန်ပျူတာဂိမ်းပညာရှင်များ၊ ဆော့ဝဲလ်ရေးရာ၌ ကျွမ်းကျင်သူများ ဖြစ်လာတတ်သည်။ ထိုကဲ့သို့ အထုံပါရမီတစ်ခုစီပါလာသူတိုင်းအဖို့ ၎င်းအထုံပါရမီနှင့် ကျွမ်းကျင်မှုများအား ဆက်လက်ထိန်းသိမ်းကာ လောကအား ကောင်းကျိုးပြုနိုင်သူများ ဖြစ်ရန် ကြိုးစားကြရမည်ဖြစ်သည်။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts