hapeye

ကျမတို့က လူငယ်တွေကို အားကိုးတယ်

ကျမတို့က လူငယ်တွေကို အားကိုးတယ်
ကျမတို့က ဒီပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရမယ်။ လက်တွေ့ကျကျ ဖြေရှင်းရမယ်ဆိုတာ ကျမတို့အမြင်မှာတော့ ဘွဲ့ရပြီးသားလူငယ်တွေ ဒါမှမဟုတ် ဘွဲ့မရဘဲ ကျောင်းပြီးသွားတဲ့ လူငယ်တွေ၊ ကျောင်းကို ဆယ်တန်းတိုင် မရာက်နိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် ထွက်ပြီးတော့ အလုပ်လုပ်ရတဲ့ လူငယ်တွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ရေးအတွက် ကျမတို့ ကြိုးစားမှာပါ။ ဘဝအသက်မွေးဝမ်းကျောင်း ပညာပေးဖို့ ကျမတို့ ဦးတည်ရမယ်။

ပညာဆိုတာ ကိုယ့်အသက်မွေးဖို့တောင် ကိုယ်မမွေးနိုင်လို့ ရှိရင် ဘယ်လိုလုပ်သုံးမလဲ။ ဘာပဲပြောပြော ကိုယ်သင်ထားတဲ့ ပညာတွေဟာ ကိုယ့်အတွက် နိစ္စဓူတ စားသုံးနိုင်ဖို့ အတွက်တော့ လုံလောက်ရမယ်။

ကိုယ့်အတွက်တောင်မှ ထမင်းနက်မှန်အောင်လို့ စားနိုင်တဲ့ အခြေအနေ မရှိလို့ရှိရင် တိုင်းပြည်အတွက် ဝင်ရောက်ပြီး လုပ်ပေးဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါကျမတို့အတွက် လူငယ်တွေကို အားကိုးတယ်လို့ ပြောတဲ့အချိန်ထဲမှာလည်း လူငယ်တွေကို ကျမတို့ တာဝန်ရှိတယ်လို့ လက်ခံပါတယ်။

ဒါ့ကြောင့်မို့လို့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး ကိစ္စကို ကျမတို့ အမျိုးသားရေး ဒီမိုကရေစီ အဖွဲ့ချူပ်က ဦးစားပေးပြီးတော့ ကြိုးစားပြီး လုပ်သွားပါမယ်လို့ ကျမပြောချင်ပါတယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts