ကိုယ်တစ်ယောက်တည်း မလုပ်ပါနဲ့

ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့နီးလာလေ၊ လုပ်ဆောင်ရမယ့် အလုပ်တွေက ကိုယ့်အတွက် အချိန်မလောက်လေ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူတွေက ကိုယ့်ကိုအထောက်အကူပြုပေးမယ့် သူတွေကို ငှားရမ်းပါ။ တကယ်လို့ ကိုယ့်ရဲ့ ရည်မှန်းချက်က ကိုယ့်တစ်ယောက်တည်း အောင်မြင်ဖို့ဆိုရင် (ဥပမာ – အဆိုတော်ဖြစ်ဖို့၊ နိုင်ငံခြားပညာတော်သင်သွားဖို့၊ ရုပ်ရှင်မင်းသားဖြစ်ဖို့) ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးကို အကူအညီတောင်းပါ။ အလုပ်တွေအားလုံးကို ကိုယ်တစ်ယောက်တည်း မလုပ်ပါနဲ့။ ကိုယ်တိုင်လုပ်ဖို့မလိုတဲ့ အလုပ်တွေကို ကိုယ့်ကိုကူညီမယ့်သူကို ခွဲပေးခြင်းဖြင့် အံ့ဩစရာကောင်းအောင် အချိန်ပိုတွေ ရရှိလာပါလိမ့်မယ်။ ရရှိလာတဲ့ အချိန်ပိုတွေကို အရေးကြီးတဲ့အလုပ်တွေအတွက် အချိန်ပိုပေးခြင်းဖြင့် အောင်မြင်မှုကိုရဖို့ ပိုသေချာလာပါတယ်။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts