ကိုယ့်ရဲ့

ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို သိပါ

ဘယ်လိုအောင်မြင်မှုကိုပဲ လိုချင်လိုချင် အရေးကြီးဆုံးက ကိုယ့်ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တဲ့ ပင်ကိုယ်စွမ်းရည်ရှိရဲ့လားဆိုတာ အရင်ဆုံး ဆန်းစစ်ဖို့လိုပါတယ်။ ဥပမာ- စာဖတ်သူက အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမယ့် ကိုယယ်က သီချင်းတစ်ပုဒ်တောင် သံစဉ်မှန်အောင် မဆိုတတ်ရင် အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ခက်ပါလိမ့်မယ်။ ဒီလိုပါပဲ စာဖတ်သူက ဗိသုကာအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တယ်။ ငယ်စဉ်ကတည်းက ပုံဆွဲလည်းတော်တယ်၊ သင်္ချာလည်း တော်တယ်ဆိုရင် စာဖတ်သူမှာ ပင်ကိုယ်စွမ်းရည် ရှိနေပါပြီ။ ကြိုးစားအားထုတ်မယ်ဆိုရင် ဗိသုကာအင်ဂျင်နီယာတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

စာန်တော့်မှာ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည် မရှိပါဘူး။ အရာရာကို စူးစမ်းချင်တဲ့စိတ်ပဲ အပြည့်ရှိတာပါ။
Albert Einstein

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts