ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။

၂၁ နှစ်မှာ ဘွဲရပြီးတော့ ၂၇ရောက်တာတောင် အလုပ်မရသေးတဲ့ သူတွေရှိကို ရှိပါတယ်။
၂၅ နှစ်ရောက်မှ ဘွဲ့ရပေမဲ့ အလုပ်တန်းရသွားတဲ့ သူတွေကိုလဲ မြင်ဖူးပါတယ်။

တက္ကသိုလ် မတက်ရပေမယ့်လဲ ဝါသနာပါတဲ့အလုပ်ကို ၁၈ နှစ်မှာပဲ ရှာတွေ့သွားတဲ့သူတွေကိုလဲ ရှိပါတယ်။ တက္ကသိုလ်ပြီးသွားတဲ့ နောက်မှာ လစာကောင်းကောင်းရတဲ့ အလုပ်ကို လုပ်နေရပေမယ့် မပျော်တဲ့သူတွေကိုလဲ အများကြီးတွေ့ဖူးမှာပါ။

ကိုယ့်ဝါသနာကို နှစ်အတော်ကြာ လိုက်ရှာပြီးတော့မှ တွေ့သွားတဲ့သူတွေကိုလဲ မြင်ဖူးပါတယ်။
အသက် ၁၆ နှစ်မှာတော့ ကိုယ့်ရည်ရွယ်ချက်ကို သေချာပေါက် အကောင်အထည်ဖော်မယ်ဆိုပြီး ၂၆ နှစ်ရောက်တော့ စိတ်ပြောင်းသွားတဲ့ သူမျိုးလဲ ရှိတယ်။

ကလေးတွေရနေပေမယ့် အိမ်ထောင်မပြုသေးတဲ့သူတွေလဲ ရှိသလို အိမ်ထောင်ရှိပေမယ့် ကလေးရဖို့ ၈နှစ် ၁၀နှစ်လောက် စောင့်နေရတဲ့ သူတွေကိုလဲ ရှိပါတယ်။

ကိုယ့်ချစ်သူအပေါ် သစ္စာမရှိပဲ တခြားသူတွေကို ချစ်နေကြတဲ့ စုံတွဲတွေလဲ မြင်ဖူးပါတယ်။
အရမ်းချစ်ကြပေမယ့် ဝေးကွာနေကြတဲ့သူတွေကိုလဲ အများကြီးပါပဲ။ ဘ၀မှာ ဘယ်အရာကိုမဆို ကိုယ့်အချိန်နဲ့ကိုယ်စီ ဖြတ်သန်းနေကြတာပါ။ မင်းသူငယ်ချင်း တစ်ချို့က မင်းရှေ့ရောက်နေပြီးလို့ ခံစားနေရမယ်။

တချို့က နောက်မှာ ကျန်ခဲ့တယ်လို့ တွေးနေလိမ့်မယ်။ ဒါပေမယ့် အားလုံးက သူ့လမ်းကြောင်းနဲ့ သူပါ။ သူတို့မှာ သူတို့ရဲ့ကိုယ်ပိုင် အချိန်တွေရှိသလို မင်းလည်း ဒီအတိုင်းပါပဲ။ စိတ်ရှည်သည်းခံပါ။

J.K Rowing ဟာ ၃၂ နှစ် ရောက်မှ ထုတ်ဝေသူ ၁၂ ယောက်က ငြင်းပယ်ခံရပြီးနောက် Harry Potter ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

Alibaba ကို JackMa ဟာ ၃၅ နှစ်ရောက်မှ စတင်ခဲ့တာပါ။

Morgan Freeman ဟာ ၅၂ နှစ်ရောက်မှ ရုပ်ရှင်လောကမှာ ထင်ရှားကျော်ကြား လာခဲ့တာတယ်။

Virgin ကို Richard Branson ဟာ ၃၄ နှစ်ရောက်မှ တည်ထောင်နိုင်ခဲ့ပါတယ်။

မင်းအနေနဲ့ ၂၅ နှစ်မှ ဘွဲ့ရလည်း အောင်မြင်မှုပါပဲ။ အသက် ၃၀ ရောက်လို့ လက်မထပ်ဖြစ်ရင်လဲ မင်းပျော်နေရင် အဆင်ပြေတာပါပဲ။ အသက် ၃၅ ရောက်မှ မိသားစုဘ၀ ရလည်း သာယာတာပါပဲ။

တခြားသူတွေ ဖြတ်သန်းနေတာတွေကြည့်ပြီး မင်းအလောတကြီး လုပ်စရာမလိုပါဘူး။
မင်းတို့အနေနဲ့ မင်းတို့ဘဝတွေကို အဓိပ္ပါယ်ပြည့်စုံအောင် မင်းတို့ကိုယ်တိုင် ဖန်တီးရမှာပါ။

(အတွေးအခေါ် စာစုလေးများ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။)

OpenYourBusinessOnline

အတွေးအခေါ်

Related Posts