ကဗျာအတိုအစလေးကို တစ်လမ်းလုံးရွတ်သွားပါ

ကဗျာအတိုအစလေးကို တစ်လမ်းလုံးရွတ်သွားပါ

(Jingle all the way)


နောက်တစ်ကြိမ် သင့်ဦးခေါင်းထဲသို့ ကဗျာအတိုအစ၊ သို့မဟုတ် သီချင်းတိုလေးတစ်ပုဒ် ဝင်ရောက်လာပြီး သင်မဖယ်ရှားပစ်နိုင်ပါက ယင်းကို သင်အကျိုးရှိအောင် အသုံးပြုပါ။
ထိုကဗျာ၊ သို့မဟုတ် သီချင်းတိုလေး၏ စာသားများတွင် သင့်ရည်မှန်းချက်များကို ဖော်ပြသည့် စာသားများဖြင့် အစားထိုးပါ။

ဥပမာ – ဂျင်ဂါလ်ဘယ်လ်သီချင်းဆိုပါစို့။
ဘဏ်သို့  တရကြမ်းသွားသည်
တံခါးလေးပေါက် မာစီးဒီးဘင့်ဇ်ကားဖြင့်
ရုံးမှ ကျွန်မသွားသည်
တစ်လမ်းလုံးရယ်သွားသည်၊ ဟား… ဟား… ဟား…။
သို့မဟုတ်
ကျန်းမာရေး၊ ကျန်းမာရေး၊ ကျန်းမာရေး
ကျန်းမာရေး၊ ကျန်းမာရေး၊ ကျန်းမာရေး
မြင်းတစ်ကောင်ဆွဲသည့် ကျန်းမာရေး၊ ကျန်းမာရေး
 ယင်းသည် သင့်စိတ်အာရုံကို ထိန်းချုပ်ပြီး သင်လိုလားသလို အာရုံစိုက်စေသည့်နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အနည်းငယ်တူသည်။ သင့်မှာ အားအင်မည်မျှရှိသည်ကို သင်၏ ‘ကြွက်သား’ ကို အသုံးမပြုမီ သဘောမပေါက်မိပါ။

သင့်ဦးနှောက်လျှောက်ရမ်းနေသည်ကို လွှတ်ထားမည့်အစား သင်အာရုံစူးစိုက်ပေးပါက သင့်အတွေးစိတ်ကူးများကို အလိုအလျောက်နှင့် လွယ်ကူစွာ သင်ညွှန်ကြားနိုင်သည်ကို တွေ့ရှိလိမ့်မည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts