ဟမ်ဖရီအဲလစ်(စ)

ဟမ်ဖရီအဲလစ်(စ) (Humphrey Francis Ellis)

ဟမ်ဖရီအဲလစ်(စ) – ဗြိတိန်နိုင်ငံသား သရော်စာပြောင်ရေးဆရာ။ ၁၉၀၇ ခုနှစ်တွင် မွေးသည်။

လန်ဒန်မြို့ထုတ် နာမည်ကျော် Punch မဂ္ဂဇင်းတွင် ၁၉၃၃ မှ ၁၉၅၃ ထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ပန့်ချ်မှ ထွက်ပြီးနောက်တွင် အမေရိကန်ပြည် နယူးယောက်မြို့ထုတ် မဂ္ဂဇင်းများတွင် ပါဝင်ရေးသားသည်။ So This is Science (1932) နှင့် A Bee in the Kitchen (1983) တို့ အပါအဝင် စာအုပ်စာတမ်း အများအပြား ရေးသားခဲ့သည်။

လူမှုဆက်ဆံရေးနယ်ပယ်၌ ပြဿနာ ဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကာယကံရှင်နှင့် တကယ်သွားတွေ့ ဖြေရှင်းလိုက်သည့် အခါ အလွယ်တကူ ရှင်းလင်းပြေလည်သွားမြဲ ဖြစ်သည်။

-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts