သတင်းအချက်အလက် နည်းပညာနဲ့ ပတ်သက်တဲ့ ဆော့(ဖ်)ဝဲတွေ၊ ကွန်ပျူတာစက်တွေမှာ နှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကို ကြည့်ရင် ဒီကနေ့ သတင်းအချက်အလက် ဆိုင်ရာနည်းပညာတွေဟာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ အထောက်အကူပြုနေတယ်ဆိုတာ မန်နေဂျာတွေ အတိအကျသိနေကြပါပြီ။
သတင်းအချက်အလက် နည်းပညာနဲ့ ပတ်သက်တဲ့ ဆော့(ဖ်)ဝဲတွေ၊ ကွန်ပျူတာစက်တွေမှာ နှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကို ကြည့်ရင် ဒီကနေ့ သတင်းအချက်အလက်ဆိုင်ရာနည်းပညာတွေဟာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့ အထောက်အကူပြုနေတယ်ဆိုတာ မန်နေဂျာတွေ အတိအကျသိနေကြပါပြီ။
အယူအဆ
ပါမောက္ခ Donald Marchand ရဲ့ သုတေသနတစ်ရပ်အရ လုပ်ငန်း အဖွဲ့အစည်းတစ်ရပ်ဟာ ရထားတဲ့ သတင်အချက်အလက်တွေကို အကျိုးရှိအောင် သုံးစွဲနိုဖို့နဲ့ ပတ်သက်ပြီး အချက်သုံးချက်ရှိတယ်။ ဒီအချက်သုံးချက်ကို ခြုံပြီး Information Capabilition လို့ ခေါ်ထားတယ်။
၁။ Information Behaviors and Values
သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ကြိုတင်ဆောင်ရွက်တာ၊ ထိန်းချုပ်တာ၊ ထင်သာမြင်သာပြုတာ၊ မျှဝေတာတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ သတင်းအချက်အလက်တွေရရှိရေးမှာ အဟန့်အတားဖြစ်နေတာတွေကို ဖယ်ရှားပေးပြီး ရထားတဲ့ သတင်းအချက်အလက်တွေကို သုံးတတ်အောင် အားပေးတာတွေလည်း ပါဝင်တယ်။
၂။ Information Management Practices
သတင်းအနံ့ခံတာ၊ စုဆောင်းတာ၊ စုစည်းတာ၊ စိစစ်တာနဲ့ ထိန်းသိမ်းတာတွေ ပါဝင်ပါတယ်။ မန်နေဂျာတွေက သတင်းအချက်အလက်တွေကို စီမံရာမှာ တာဝန်ယူရတယ်။ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို စီမံရာမှာ တာဝန်ယူရတယ်။ အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ သတင်းအချက်တွေရဖို့ အာရုံစိုက်ရတယ်။ သတင်းတွေဖောင်းပွ မနေဖို့လည်း အရေးကြီးတယ်။
၃။ Information Technology Practices
သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပစ္စည်းတွေကို သုံးစွဲပြီး ဆုံးဖြတ်ချက်ချနိုင်တာတွေရှိတယ်။
ကုမ္ပဏီအတော်များများဟာ သတင်းအချက်လက်ဆိုင်ရာ နည်းပညာ နဲ့ ပတ်သက်တဲ့ စီမံချက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတယ်။ ဥပမာအားဖြင့် BBVA လို့ အတိုကောက်ခေါ်တဲ့ ဘဏ်ဟာ ဘဏ်ခွဲတွေထားပြီး ဆောင်ရွက်တဲ့ စပိန်နိုင်ငံက ဘဏ်လုပ်ငန်းဖြစ်တယ်။ သူရဲ့ ဘဏ်ခွဲတွေရှိ လူတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေးပြီး ဆောင်ရွက်တဲ့ အတွက် ရက်တစ်ထောင်အတွင်း အအောင်မြင်ဆုံးဘဏ်တွေထဲမှာ အပါအဝင် ဖြစ်လာခဲ့ပါတယ်။
Skandia Bavker ဆိုတဲ့ ဘဏ်ဟာ ဘဏ်ခွဲမထားတဲ့ အင်တာနက်တို့၊ တယ်လီဖုန်းတို့နဲ့သာ ဆယ်သွယ်ဆောင်ရွက်တာဖြစ်ပေမယ့် ဖောက်သည်တွေနဲ့ ဆက်ဆံလုပ်ကိုင်ရာမှာ သူ့ထက်ကြီးတဲ့ ဘဏ်တွေထက်သာတယ်။ ဒါဟာ ဖောက်သည်တွေအတွက်ရော ဝန်ထမ်းတွေအတွက်ပါ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူပေးနိုင်လို့ဖြစ်တယ်။ ဒါ့ပြင် ပွင့်လင်းမြင်သာမှုကိုလည်း အထူးအလေးပေးတယ်ဆိုတဲ့ အကြောင်းတွေကြောင့် ဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
သတင်းအချက်အလက်ကို စီမံခန့်ခွဲအသုံးချတယ်ဆိုတာ လူတွေ အဲဒီ သတင်းအချက်အလက်တွေကို ဘယ်လိုအသုံးပြုတယ်၊ လူတွေကို ဘယ်လို မျှဝေပေးတယ်၊ တီထွင်ကြံဆနိုင်အောင် ဒီသတင်းအချက်အလက်တွေကို သုံးစွဲချင်စိတ်ဘယ်လောက်ပေါ်လာသလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည် တယ်ဆိုတာ သိထားပါ။
လုပ်ငန်းအောင်မြင်ရေးအတွက် နည်းပညာဟာ မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့် သူ့ချည်းပဲကတော့ စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စအားလုံးကို ဆောင်ရွက်မပေးနိုင်ဘူးဆိုတာ သဘောပေါက်ပါ။
ဒီကဏ္ဍပါအကြောင်းအရာတွေကို ပိုမိုပြည့်စုံစွာ သိချင်ရင် Donlad Marchand ရေးတဲ့ Making the Invisible Visible ဆိုတဲ့ စာအုပ်ကိုဖတ်ပါ။