မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း

မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (The End)

သူတို့နှစ်ယောက်ဟာ ၅ မိနစ်ကြာတဲ့အထိ စကားတစ်ခွန်းမှမပြောဘဲ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေကြတယ်။ ပြီးတော့ ဆိုင်အနောက်ဘက်က ခပ်ဝေးဝေးမှာရှိတဲ့ တောင်ကုန်းတစ်ခုပေါ်က အိမ်တွေကို လက်ညှိုးထိုးပြလိုက်ပြီး ခုလို ပြောပါတယ်။

“အဲဒါ ငါတို့ညီအစ်ကိုနေတဲ့ အိမ်ပဲ။ အဲဒီအိမ်ကြီးမှာ နေရတာ အရမ်းပျော်တယ်။ ဆိုင်သိမ်းလို့ အိမ်ပြန်ရောက်ပြီဆိုရင် ငါတို့နှစ်ယောက်စလုံး ရေမိုးချိုးတာမလုပ်ဘဲ ဝရန်တာမှာ ပက်လက်ကုလားထိုင်တစ်လုံးစီမှာ ထိုင်နေကြရင်း နေဝင်တာကို စောင့်ကြည့်ကြတယ်။ အဲလိုနေရာတာကို စိတ်ချမ်းသာလို့ အဲ့အရသာကို ဘယ်ဟာနဲ့မှ မလဲနိုင်ဘူး။ ငါတို့မှာ ငွေရေးကြေးရေး ပြဿနာမရှိဘူး။ ငါတို့ဘဝကို ငါတို့ ကျေနပ်နေကြတယ်။ ငါတို့ ဒီအတိုင်းပဲ နေချင်ကြတယ်။”

သူပြောလိုက်တဲ့စကားဟာ ဆိုင်ခွဲတွေ အများကြီးဖွင့်စေချင်တဲ့ ကျွန်တော့်အစီအစဉ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ အရောင်းသမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ လွယ်လွယ်ကူကူနဲ့ အလျှော့မပေးဘဲ သူတိူ့ကို ဆက်ပြီး ဖျောင်းဖျ နားချပါတယ်။ ဒီတော့ နောက်တစ်နည်း အကြံပေးလိုက်ပြန်တယ်။ သူတို့ကိုယ်တိုင် မြို့တွေမှာ ဆိုင်ခွဲတွေဖွင့်ဖို့ မလုပ်ချင်ကြရင် တစ်ယောက်ယောက်ကို တာဝန်ပေးကြည့်ပါလားလို့ ပြောလိုက်တယ်။

ဒစ်ခ်မက်ဒေါ်နယ်က ခုလို ပြန်ပြောတယ်။

“ခက်တာက ငါတို့အတွက် ဘယ်သူကများ ဆိုင်ခွဲတွေ ဖွင့်ပေးမှာမို့လဲကွာ”

နောက်ဆုံးတော့ အခွင့်အလမ်းတွေ့ရင် အလွတ်မပေးတတ်တဲ့ ကျွန်တော်ဟာ အားတင်းပြီး အခုစကားကို ပြောချလိုက်တယ်။

“ငါ တာဝန်ခံပြီး ဆိုင်ခွဲတွေ ဖွင့်ပေးမယ်ဆိုရင်ကောကွာ”

ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

စီးပွားရေ

Related Posts