ကိုယ်ဟန်အမူအရာတို့ကို သဘောပေါက်

ကိုယ်ဟန်အမူအရာတို့ကို သဘောပေါက်

ဗိုက်မလှုပ်ဘဲ ရယ်မောသူကို သတိထား။ ကျွန်တော်တို့သည် မှတ်တမ်းထားရှိခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အခြားသူတေသီတို့နှင့် အတည်ပြုထောက်ခံချက်များအရ လူတစ်ယောက်စကားပြောဆိုနေစဉ် ပါးစပ်ကို ကာထားပါက သူသည် သူပြောဆိုနေသည့် စကားကို မသေမချာ ဖြစ်နေသည်ဟု ဘာသာပြန်သည်။ ထိုအဆိုအရ လူတစ်ယောက်က လက်ချောင်းများဖြင့် ပါးစပ်ကို ကာထားပြီးပြောဆိုနေပါက ထိုသူသည် လိမ်ညာပြောနေသည်ဟု ယူဆရမည်။

တစ်ယောက်ယောက်နှင့် ကြိုးစားပြောဆိုနေရာ၌ နားထောင်သည့်သူက လက်ပိုက်ထားပါက ထိုကိုယ်ဟန်အမူအရာသည် သူ နားထောင်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ထို့အပြင် တစ်ပြားသားမှ မလျော့ဘဲ တင်းခံနေမည့်သဘောကို ပြသသည်။

အကြောင်းပြန်ကြားခြင်းသည် ပြီးပြည့်သည့် ပြောဆိုဆက်သွယ်မှု လုပ်ငန်းစဉ်အတွက် အဓိကအခန်းကဏ္ဌ၌ ပါဝင်နေပြီး ကိုယ်ဟန်အမူအရာတို့သည် အကြောင်းပြန်ကြားခြင်းတွင်အရေးပါသောအရာများဖြစ်သည်။

နှုတ်စကားကင်းမဲ့ အကြောင်းပြန်ကြားခြင်းက မိမိ လိုလားသော ရလဒ် ရရှိရင် ပြောင်းလဲခြင်းဖြစ်စေ၊ ရုပ်သိမ်းခြင်းဖြစ်စေ၊ မတူကွဲပြားမှု တစ်ခုခုပြုခြင်းကိုဖြစ်စေ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။ မိမိ သတိမမူမိပါက မိမိ စကားအပေါ် တစ်ဖက်သားက ယုံကြည်နိုင်မှု သို့မဟုတ် ရိုးသားသည်ဟုယူဆမှုတို့ ဖြစ်ပေါ်အောင် မပြုနိုင်သည့်အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။

အခြားသူတို့ရဲ့ ကိုယ်ဟန်အမူအရာများကို တစ်နေ့လျှင် အနည်းဆုံး တစ်ဆယ်မိနစ် အသိတရားဖြင့် ဖတ်ရှုသင့်သည်။ လူအများ စုရုံးရာနေရာတို့သည် ဖတ်ရှုရန် အကောင်းဆုံး အကွက်အကွင်း ဖြစ်သည်။

လူမှုရေးနှင့် စီးပွားရေးအရ စုရုံးကြသောအခါ မိမိတွင် ရှိသည့် စိတ်ခံစားမှုများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီး သဘောထားတို့ကို အစွန်းအထိ ရောက်နိုင်ခွင့်လည်း ရှိနိုင်ပေသည်။ အခမ်းအနားပွဲတို့ကို တက်ရောက်လာကြသူတို့ရဲ့ သဘောထားများသည် များသောအားဖြင့် ထက်ထက်သန်သန် ရှိနေကြပေရာ ပွဲတက်သူအသီးသီးသည် မိမိရဲ့ ခံစားမှုများကို ဝတ်ဆင်ပြီး ထုတ်ပြထားကြသည်။

ရုပ်မြင်သံကြားသည် နှုတ်စကားကင်းမဲ့ ဆက်သွယ်ခြင်းကို လေ့လာရန် အကွက်အကွင်းကောင်းတစ်ခုဖြစ်သည်။ ငါးမိနစ်ခန့် ကြာအောင် အသံကို ပိတ်ထားပြီး အရုပ်ကိုသာကြည့်ကာ ဘာဖြစ်နေသည်ကို သဘောပေါက်ဖို့ ကြိုးစားကြည့်ရမည်။ ထိုနောက် အသံပြန်ဖွင့်ကာ မိမိမှ ကိုယ်ဟန်အမူအရာတို့ကို ဖတ်ရှုထားသည်ကို ကိုက်ညီခြင်း ရှိ မရှိ စစ်ဆေးကြည့်ရမည်ဖြစ်သည်။

ဒိုဂျေဆန်း ဘာသာပြန်ထားသော လူကဲခတ်ပညာ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်

Related Posts