ဘေထုပ်နဲ့Vintageကွဲပြားပါစေ

ဘေထုပ်နဲ့Vintageကွဲပြားပါစေ : အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာကVintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်ထည်းကဘဲ ရတာကိုး ။ ဟုတ်ပါတယ်အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။ Vintage တွေခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee, Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။ တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Teeတစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံတွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။

ဘေထုပ်ဆိုတာ

Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့ ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်အထုပ်ထည်းက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။ဘေထုပ်ထည်းမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထည်းကပါတဲ့အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Checkဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာဝယ်ယူဖို့ အကြံပြုပါရစေ ။

Vintage Clothing

Vintage Clothing ဆိုတာကတော့ အထုပ်ထည်းကထွက်သမျှVintage Clothing ဖြစ်မနေပါဘူး ။ Vintage Teeတစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ VintageTee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။( Reproduction) လို့ အလွယ်ခေါ်ပါတယ် ။အခု နောက်ပိုင်း အသစ် လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။

ဘေထုပ်နှိုက်ခြင်း အနုပညာ

ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။Round Two Founder Sean Wotherspoonဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကိုRound Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။ဆိုတော့…ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလိုဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။(ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfectပေါ့ဗျာ)

For ဂျင်း Sellers

စောစောက Admin ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေတစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆိုVintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုကGoogle မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်း ကြတယ်(စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့ကသူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်) Vintage Cultureကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။ဒါမျိုးတွေက 2020 မှာ ထည်းက ရှိကို မရှိသင့်တော့ပါဘူး ။(အနာထိလို့ စပ်တယ်ဆိုလည်း စပ်ကြပါ ???)ပြီးတော့ နိဂုံးမချုပ်ခင် Admin အကြံပြုချင်တာကတော့Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ်ကောင်းတာကိုဘဲဝယ်ပါမကောင်းတာ နှစ်ထည်နဲ့ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲဝယ်ဖို့ အကြံပြုပါရစေ ။

2021 က စပြီး Vintage Culture ကို Bangkok ကိုမမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့ Vintage Culture ကြီး တိုးတက်လာအောင်အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။

သုတ

openmoreonline

(Sharing လုပ်ပေးခြင်းသာ ဖြစ်ပါတယ်)

crd

Related Posts