ချီးမွမ်းပါ
အခကြေးငွေမယူဘဲ ကိုယ့်ကိုမေတ္တာနဲ့ ကူညီတဲ့သူဖြစ်စေ၊ ကိုယ့်ရဲ့ အချိန်ပြည့်ဝန်ထမ်းဖြစ်စေ၊ ကိုယ့်ကို ကူညီတဲ့ အခါတိုင်း ကျေးဇူးတင်ကြောင်းပြောပါ။ ချီးမွမ်းပါ။ ဒီလူတွေက စာဖတ်သူရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့လူတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်ကြောင်းပြောတာ ချီးမွမ်းတာတွေကြောင့် ဒီလူတွေက အလုပ်ကို ကြိုးကြိုးစားစားနဲ့ စိတ်ပါလက်ပါ လုပ်ပေးပါလိမ့်မယ်။
တစ်နေ့မှာ စက္ကန့် ၈၆၄၀၀ရှိပါတယ်။ စက္ကန့် ၃၀လောက်တော့ လူတွေကို ချီးမွမ်းသင့်ပါတယ်။ ကျော်ကျော်လှိုင်
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။