ကြောင်လေးတွေအကြောင်း

ကြောင်လေးတွေအကြောင်း သင်ဘယ်လောက်သိပါသလဲ ?

သင်တို့အိမ်မှာ ကြောင်လေးတွေမွေးဖူးပါသလား။ ကြောင်လေးတွေကို ချစ်တတ်ပါသလား။ ကြောင်ကိုချစ်လို့မွေးထားတဲ့ ကြောင်ချစ်သူများအတွက် အခုရေးမည့် ကြောင်လေးတွေအကြောင်း သည် အလွန်အသုံးဝင်ပါလိမ့်မယ်။ ကြောင်လေးတွေရဲ့ အမူအကျင့်လေးတွေနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်လေးတွေကို ရေးသားဖော်ပြပေးသွားပါမယ်။

ကြောင်လေးတွေရဲ့ အသံ၊ မျက်နှာအနေအထား၊ ကိုယ်နေဟန်အပြုအမူလေးတွေကိုကြည့်ပြီး သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို မိမိတို့ကနားလည်ထားမှ သူတို့ဘာဖြစ်နေတယ်၊ ဘာတွေပြောနေတယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို ဘယ်လိုအမူအရာလေးတွေနဲ့ဖော်ပြမလဲဆိုတဲ့ ကြောင်လေးတွေအကြောင်း ကို အောက်မှာဆက်လက်ဖတ်ရှုလိုက်ပါဦးနော်။

  • အမြှီးယမ်းပြနေခြင်း?သင့်အား ကြည့်ပြီး အမြှီးကိုဖြည်းဖြည်းခြင်း လှုပ်ယမ်းနေလျှင် သင့်အားနှုတ်ဆက်ခြင်း၊ ကြိုဆိုခြင်း ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြှီးမှာဖြောင့်တန်းနေပြီး ညာမှဘယ်ဘက်သို့ယမ်းနေလျှင်တော့ ကြောက်နေခြင်း၊ အန္တရာယ်ရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
  • ခြေထောက်အား ကုတ်နေခြင်း?သင် မတ်တပ်ရပ်နေသည့်အချိန် သို့မဟုတ် သင်လမ်းလျှောက်နေချိန်တွင် သင်ခြေထောက်အား လာပြီးကုတ်နေလျှင် ထိုအမူအရာသည် သူတို့ဆော့ကစားချင်သည့် အမူအရာဖြစ်သောကြောင့် ခဏလေးသူတို့နဲ့အတူ ဆော့ကစားပေးလိုက်ပါ။
  • ကိုက်ခြင်း?ကိုက်ခြင်းဆိုသည်မှာ ခပ်ဖွဖွလေးငုံထားသည့် သဘောမျိုးလုပ်လာလျှင် သူတို့စိတ်မကြည်လင်ပါဘူး။ သူတို့ သင့်အပေါ်စိတ်ဆိုးစိတ်ကောက်နေခြင်းကို သတိပေးသည့်သဘောဖြင့် ကိုက်ထားခြင်းမျိုး ဖြစ်ပါတယ်။ အဲလိုဖြစ်လာပြီဆို သူတို့စိတ်ဆိုးအောင် ဘာလုပ်မိသလဲလို့ သေချာစဉ်းစားပါ။ သူတို့စိတ်ပြေအောင် နွေးနွေးထွေးထွေးနေပေးပြီး ဆော့ကစားပေးခြင်းဖြင့် ပြန်ချော့လိုက်ပါ။
  • တိုးဝှေ့ပွတ်သပ်နေခြင်း?သင့်အား တိုးဝှေ့ပွတ်ကပ်ပြီးကပ်နေလျှင် သူကသင့်အားမိတ်ဆွေဖွဲ့နေခြင်းမျိုး ဖြစ်ပါတယ်။ သင် နှင့် သူသည် ရန်သူမဟုတ်ပါဘူး၊ သင့်ကိုမိတ်ဆွေဖွဲ့ခြင်း၊ ချစ်ခင်ခြင်းမျိုးကို ပြသောအမူအရာဖြစ်ပါတယ်။ ထို့ကဲ့သို့ တိုးဝှေ့ပွတ်သပ်နေလျှင် ကြောင်လေးတွေကို မောင်းထုတ်ခြင်းမပြုလုပ်ဘဲ ပြန်လည်ပွတ်သပ်ပေးလိုက်ပါ။
  • သမ်းဝေပြခြင်း?သမ်းဝေနေသည်ကို သင်မြင်လျှင်တော့ သူတို့ကိုအနှောင့်အယှက်မပေးဘဲ နေလိုက်ပါ။ ကြောင်လေးများသည် စိတ်ပင်ပန်းပြီး စိတ်ဖိစီးမှုများနေလျှင် သူတို့အနားယူရန်လိုအပ်နေသောကြောင့် သူတို့အနားမလာခိုင်းဘဲ အေးဆေးအနားယူချင်သည့် အကြောင်းကိုသမ်းဝေပြခြင်းဖြင့် သင့်အားအသိပေးခြင်း ဖြစ်ပါတယ်။
  • အပျင်းကြောဆန့်ခြင်း (နောက်ကျောဆန့်ခြင်း)?သင့်အနားလာပြီး နောက်ကျောဆန့်နေလျှင်တော့ သူတို့က သင့်ကိုယုံကြည်တယ်၊ စိတ်ချတယ် ဆိုသည့် သင့်အပေါ်ယုံကြည်မှုရှိသောကြောင့် ပြုလုပ်တော့ အမူအရာဖြစ်ပါတယ်။၇။ ကြွက်ဖမ်းလာခြင်?ကြောင်လေးတွေက သင်နဲ့ရင်းနှီးလာပြီးဆိုလျှင် သင့်ကိုကြွက်ဖမ်းပြီးစားတတ်အောင် သင်ပေးဖို့ကြိုးစားကြပါလိမ့်မယ်။ သင့်ကိုသင်လို့မရဘူးလို့ ခံစားမိကြတဲ့အခါမှာတော့ သင်စားဖို့ကြွက်ကို သူတို့ဖမ်းပေးလာပါလိမ့်မယ်။ သင့်တို့သတိထားမိကြလား သူတို့ကြွက်ဖမ်းမိလျှင် အပြင်မှာတစ်ခါတည်း စားခဲ့လျှင်ရရဲ့သားနဲ့မစားဘဲ ချီယူခဲ့တာကိုလေ။ အဲဒါကတော့ သင်တို့အတွက် ဖမ်းပေးလာခြင်း ဖြစ်လို့ပါ။

ကြောင်လေးတွေအကြောင်း ကို AatasCat Myanmar page မှ ကူးယူဖော်ပြထားပါသည်။

သုတ

openmoreonline

Related Posts