ကြက်ကင်
ပါဝင်ပစ္စည်းများ
- ကြက်နုနု – တစ်ကောင်
- ရှာလကာရည် – စားပွဲဇွန်းကြီးနှစ်ဇွန်း
- ဆီသန့်သန့် – နှစ်ဇွန်း
- နနွင်း၊ ဆား – သင့်ရုံ
ပြုလုပ်နည်းအဆင့်ဆင့်
*ကြက်ဖင်ဖွင့်၍ အတွင်းမှ ကလီဇာများကို ထုတ်ပြီး ရေစင်အောင်ဆေးပါ။
ဒူးဆစ်ခြေထောက်များနှင့် ဦးခေါင်းဖြတ်ပစ်ပါ။
*ရေစင်အောင်ဆေးပြီးပါက ရှာလကာရည်နှင့် တစ်ကောင်လုံးသုတ်လိမ်းပြီး
အတွင်းသို့ စိမ့်ဝင်သွားအောင် သုတ်နယ်ပေးရမည်။
*ဆား၊နနွင်း လူးပေးရမည်။ ပြီးလျှင် တံစို့ထိုးပြီး လျှပ်စစ်မီးဖို(ဝါ)မီးသွေးဖို
တွင်ကင်ပေးရ၏။
*ကြက်ကိုဖြည်းဖြည်းလှည့်ပြီး ကင်ပေးရမည်။ အနည်းငယ်နီလာပါက ဆီ(ထောပတ်)
ကို အဝတ်နှင့်လှည့်နေစဉ် သုတ်ပေးပါ။ ဆီထဲတွင် ငရုတ်ဆီ အနည်းငယ်ထည့်၍
သုတ်ပါက အသားကင်မှာပို၍အရောင်တက်တတ်ပါသည်။(မြန်မာချက်နည်း)
မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။
သုတ