ကောင်းသောစကား
  • ကောင်းသောစကားဟာ မသိသူကို သိရှိနားလည်လာအောင် သေသေချာချာ၊ စေတနာနဲ့ ပြောပြတဲ့ စကားဖြစ်တယ်။
  • ကောင်းသောစကားဟာ မှန်ကန်သောစကားကို နားဝင်အောင် ပြောတဲ့စကား ဖြစ်တယ်။
  • ကောင်းသောစကားဟာ စိတ်သောကရောက် ပူပန်ဗျာပါဒများနေသူကို စိတ်ငြိမ်သက်သာ အေးချမ်းမှုရှိအောင် တရားချ၍ ပြောသောစကားဖြစ်တယ်။
  • ကောင်းသောစကားဟာ ကိုယ်ယုံကြည်နားလည်လက်ခံယူထားတဲ့အတိုင်း ပြောတဲ့စကား ဖြစ်တယ်။
  • ကောင်းတဲ့စကားဟာ သူတစ်ပါး၊ မိတ်ဆွေ အပေါင်းအသင်း မှားတော့မှာကို၊ မှားတော့မယ့်ဆဲဆဲ၊ မသွားမိ၊ မလာမိ၊ မပြုမိဖို့၊ ကိုယ့်ကို မုန်းရင်မုန်းပါစေ၊ အမုန်းခံကာ ပြောတဲ့စကား။
  • ကောင်းသောစကားဟာ ဒေါသပုန်ထ၊ ခက်ထန်ကြမ်းကြုတ်နေသူကို နူးညံ့သိမ်မွေ့အောင် ဖျောင်းဖျပြောတဲ့စကားမျိုး ဖြစ်တယ်။
  • ကောင်းသောစကားဟာ မနှေးလည်းမနှေး၊ မမြန်လည်းမမြန်၊ ထိထိမိမိ၊ တိတိပပ၊ ခပ်မှန်မှန်လေး ပြောတဲ့စကား ဖြစ်တယ်။
  • ကောင်းသောစကားဟာ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့၊ ချိုချိုသာသာ၊ ဝေါဟာရတွေနှင့် ပြောသောစကားမျိုး ဖြစ်တယ်။
  • ကောင်းသောစကားဟာ သပွတ်အူလို ရှုပ်ထွေးနေသော စကားကို ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိလွယ်အောင် ပြောတဲ့စကား ဖြစ်တယ်။
  • ကောင်းသောစကားဟာ အသံလှိုင်း၊ အသံထွက်၊ ချိန်ချိန်ဆဆ သာယာနာပျော်ဖွယ်ရှိအောင် ပြောတဲ့စကားဖြစ်တယ်။
  • ကောင်းသောစကားဟာ တရားသဘောရှိအတိုင်း ဓမ္မဓိဌာနကျကျ ပြောတဲ့စကား ဖြစ်တယ်။
  • ကောင်းသောစကားဟာ မိမိအကျိုးစီးပွားတွေကို မငဲ့လဲ တစ်ဖက်သားကောင်းစေလိုတဲ့ တစ်ဖက်သားအကျိုးကို ရည်ရွယ်ပြောတဲ့ စကားဖြစ်တယ်။

သုတေသီ ဘုန်းမြင့်သွေး ရေးသားသော စကားပြောတတ်ဖို့ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts