This day is a new day

ဒီစကားလေးက ငယ်ငယ်ကကြည့်ခဲ့တဲ့ကာတွန်းဇာတ်လမ်းလေးထဲက စကားလေးတစ်ခွန်းပါ။
Chicken little ကာတွန်းအစပိုင်းမှာ သူရဲ့အထင်အမြင်လွဲမှားမှုတစ်ခုကြောင့် သူ့ကိုအားလုံးကယုံကြည်မှုမရှိတော့တဲ့ ကြက်ဖလေးတစ်ကောင်ရဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ အပေါင်းအသင်းတွေကလဲမယုံကြည်တော့ သူ့အဖေကတောင်သူ့ကိုမယုံကြည်တော့ သူစိတ်ညစ်ပြီးပြောခဲ့တာကတော့ This day is a new day တဲ့ ။

အားလုံးရဲ့ယုံကြည်မှုကို ပြန်လည်ပြောင်းလဲနိုင်ရမယ်လို့သူ့ကိုယ်သူပြန်လည်အားပေးခဲ့တယ်။ ဒါနဲ့ နောက်တခါတကယ်အန္တရာယ်ကျတော့လဲအကြောင်းအမျိုးမျိုးကြောင့် သူ့ကိုထပ်ပြီးယုံကြည်မှုပျက်ခဲ့ကြပြန်တယ်။ ဒါပေမယ့် နောက်တော့သူသတ်မှတ်ထားတဲ့အတိုင်းပဲ အားလုံးရဲ့ယုံကြည်မှုကိုသူအရယူနိုင်ခဲ့တယ် ။ ဇာတ်လမ်းလေးရဲ့အဆုံးမှာလဲပြောသွားခဲ့တယ် အရင်နေ့တွေမှာဘယ်လိုအခက်အခဲပဲရှိရှိ ဘယ်တော့မှအရှုံးမပေးပါနဲ့။ This day is a new day ပါ ။

ဒီဇာတ်လမ်းလေးထဲကလိုပါပဲ စာဖတ်နေကြတဲ့သူတွေမှာလည်း အတိတ်နေ့စွဲတွေမှာ စိတ်ညစ်စရာ၊စိတ်ပျတ်စရာ၊စိတ်ဓာတ်ကျစရာတွေ ရှိနေမယ်ဆိုတာသိနေပါတယ်။ ဒါပေမယ့်အတိတ်ကဖြစ်စေ၊မနေ့ကဖြစ်စေ၊ ဖြစ်ခဲ့တာတွေအတွက် ဒီနေ့ရဲ့သာယာမှုတွေ ပျော်ရွှင်မှုတွေကို မဆုံးရှုံးပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ဒီနေ့ဟာနေ့သစ်တစ်ရက်မို့ပါ။
သင့် အတွက်အတိတ်ကအမှား၊စိတ်ညစ်စရာတွေအားလုံးကို ဒီနေ့သစ်လေးမှာပြောင်းလဲပြစ်လိုက်ပါ ။ နေ့သစ်မှာပျော်ရွှင်နိုင်ကြပါစေ။ ။

Credit to Original Writer

အတွေးအခေါ်စာစုလေးများမှ ကောက်နှုတ်ထားပါသည်။

အတွေးအခေါ်

OpenYourBusinessOnline

Related Posts