The Maccabeats ရဲ့ Smarts Ways to Live သီချင်းလေးကို ကျွန်တော်အရမ်းကြိုက်တယ်။အဲ့ဒီ သီချင်းလေးတစ်ပုဒ်ကို Video နဲ့ Lyrics လေး တွဲကြည့်ပြီး နားထောင်လိုက်ရတာက စာအုပ်တစ်အုပ် ဖတ်လိုက်ရသလို ခံစားမိစေပါတယ်။
ဒီလိုမျိုး သီချင်းလေးကို အားလုံး တူတူနားဆင်ကြည့်စေချင်ပါတယ်။
တစ်ခါတစ်လေကျ ဘယ်လို စတိုင်ကျအောင် နေရမလဲ၊ ဘယ်လို smart ကျကျ နေထိုင်ရမလဲဆိုတာနဲ့ ကျွန်တော်တို့ ခေါင်းတွေက အချိန်ကုန်နေတတ်ပါတယ်။ ဒီအချိန်ကျ ဒီလိုမျိုးသီချင်းလေး နားထောင်လိုက်တာက ကျွန်တော်တို့ကို ကြည်နူး ပြုံးရွှင်စေပါတယ်။
အားလုံးပဲ နေ့စဉ်ရက်ဆက်တိုင်းကို လှပသာယာစွာနဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ကြပါစေ ခင်ဗျာ။
SwanHtet(HapEye.Net)