Step 5 ( Grid Pattern ထည့်သွင်းခြင်း)
ဒီအဆင့်မှာကတော့ အရင်တုန်းက ဖန်တီးထားတဲ့ Grid Pattern လေးကို ဒီ Document အတွင်း ပေါင်းစပ်ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Grid Pattern ကို ထည့်သွင်းရန်အတွက် Keyboard မှ Shift + Backspace ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Fill Box လေးကျလာပါလိမ့်မယ်။

အပေါ်ဖက်က Use နေရာမှာ Pattern ကို ပြောင်းပေးလိုက်ပါ။ Custom Pattern နေရာမှာကတော့ စောစောက ပြုလုပ်ထားတဲ့ Grid Pattern ကို ရွေးချယ်ပေးလိုက်ပါမယ်။

ဒါဆိုရင် Document မှာ Grid Pattern လေးတွေ အပြည့်ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
Step 6 (Metal ပုံစံဖန်တီးခြင်း)
ဒီအဆင့်မှာတော့ Metalသတ္တုပုံစံကို ဖန်တီးတော့မှာ ဖြစ်ပါတယ်။ Filter Menu ထဲမှ Distort > Glass ကို ရွေးလိုက်ပါ။ ပြီးနောက် Texture နေရာမှာ Tiny Lens ကို ရွေးပေးလိုက်ပါ။ Scaling နေရာမှာတော့ 100 ရာခိုင်နှုန်းလောက်ထားပါ။ ပြီးရင်တော့ OK ကို နှိပ်လိုက်ပါ။ Distortion ကတော့ 1 လောက်ပဲထားတာ ကောင်းပါတယ်။

Metal ပုံစံကို ရရှိသွားပြီဆိုတော့ ၎င်းအတွင်း အလင်းထပ်မံ ထည့်သွင်းပေးရပါမယ်။ ဒီတော့ ညာဖက် Layer Box နေရာမှာ Layer ပေါ် Right Click နှိပ်ပြီး Duplicate လုပ်ကာ ကော်ပီပွားယူထားရပါမယ်။

ဒါဆို Layer နှစ်ခု ရရှိသွားမှာဖြစ်ပါတယ်။ ဒုတိယ Layer ကို ရွေးချယ်ထားပြီးနောက် Image Menu > Adjustments > Invert ကို ရွေးလိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrrl + I ကို အသုံးပြုနိုင်ပါတယ်။

ဒုတိယ Layer ကို Overlay mode အနေဖြင့် ပြောင်းလဲပေးလိုက်ပါမယ်။

အခု Metal Design ဟာပိုပြီး အသက်ဝင်လာတာကို တွေ့ရပါလိမ့်မယ်။ ပြီးနောက် Keyboard မှ Right Arrow Key တစ်ကြိမ် နှင့် Down Arrow Key တစ်ကြိမ် နှိပ်လိုက်ပါ။ ဒါဆိုရင် Image နှစ်ခုထပ်ထားတဲ့ပုံစံဟာ အနည်းငယ် ပြောင်းလဲသွားမှာ ဖြစ်သလို Metal Design ဟာလည်း ပိုပြီး ကြွလာပါလိမ့်မယ်။
