အသင်းအဖွဲ့အလိုက် ဆောင်ရွက်ပါ

အသင်းအဖွဲ့အလိုက် ဆောင်ရွက်ပါ

ဖွံ့ဖြိုးတိုးတက်လိုသူတွေဟာ အသင်းအဖွဲ့ အလိုက် ဆောင်ရွက်ကြရတယ်။
          အတူတကွ လာရောက်ကြခြင်းဟာ အစပြုခြင်း ဖြစ်တယ်။
          တွေ့ဆုံကြခြင်းဟာ တိုးတက်မှု ဖြစ်တယ်။
          အတူတကွ လုပ်ဆောင်ကြခြင်းဟာ အောင်မြင်မှု ဖြစ်တယ်။
          လူတွေဟာ လူမှုရေးသတ္တဝါတွေ ဖြစ်တယ်။ ဒါကြောင့် အခြားလူတွေနဲ့ တွေ့ဆုံဖို့လိုတယ်။ များများတွေ့ဆုံဖို့ လိုပါတယ်။ အခြားလူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရခြင်းဟာ အလွန်မင်္ဂလာရှိလှတာ ဖြစ်ပါတယ်။
           တစ်ဦးနဲ့တစ်ဦး တွေ့ကြရင် ဒီလူဆီက ဘာအကူအညီ တောင်းရင်ရမလဲ၊ ဒီလူကို ဘယ်လိုအမြတ်ထုတ်ရင် ကောင်းမလဲဆိုတဲ့ အတွေးမျိုးကို မထားရပါ။ ဒီလူရဲ့ ကောင်းကျိုးအတွက်ကိုသာ ကိုယ်က ပြန်လည်တွေ့ဆုံတာချည်းပဲ ဖြစ်တယ်။ တစ်နေရာမှာ အသုံးဝင်တာချည်းပဲ ဖြစ်တယ်။
          လူတိုင်းဟာ သူငယ်ချင်းတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် မိတ်ဆွေဆိုတာကတော့ လူသားတစ်ဦးစီအတွက် သီးခြားပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မတူပါ။ ဒါကြောင့် မိတ်ဆွေများကို ရှာဖွေကြရမယ်။ မိတ်ဆွေများဟာ ကိုယ့်ကို ကာကွယ်ပေးတဲ့ တံတိုင်းများ ဖြစ်ပါတယ်။
          လူတစ်ယောက်တည်းလုပ်တာနဲ့ အများနဲ့လုပ်တာနဲ့ အရွယ်အစားချင်း၊ အရည်အချင်း ချင်း များစွာ ကွာပါတယ်။ ဒီတော့ အသင်းအဖွဲ့လိုက် ဆောင်ရွက်မှသာ ကြီးကြီးလုပ်လို့ ရမယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။ ဒါကြောင့် အသင်းအဖွဲ့အလိုက် ဆောင်ရွက်ကြရမယ်။

ခင်မောင်လွင်၏ လွတ်လပ်သောလူသား စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts