ဘဝမှာ

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်

၁။ မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။

( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။

( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။ သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။

( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့လုံခြုံ နွေးထွေးစေပါတယ် )

၄။ တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။

( “၇”ရက် သားသမီးများ အေးချမ်းသလိုကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။ တစ်နေ့ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။

( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။ တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။

( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။ တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန် ရှိခိုးပါ။

( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ။

( သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။ မိဘကျေးဇူးကို အထူးသိတတ်ပါ။

( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီးကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။ စိတ်ကောင်းရှိစွာ နေထိုင်ပါ။

( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။ နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။

( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။ တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။

( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင် အကြောင်းကို Dr Phio Thiha Facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts