hapeye

2. HTML ကို လေ့လာခြင်း

အခု HTML ရဲ့ သဘောတရားနဲ့ ဘယ်မှာ အသုံးပြုတယ်ဆိုတာကို နားလည်သဘောပေါက်သွားပြီဆိုလျှင် ဒုတိယအဆင့်အနေဖြင့် HTML ကို ဘယ်လို ရေးသားဖန်တီးရမလဲ ဆိုတာကို ဆက်လက်ရှင်းပြပါမယ်။

HTML ကို ရေးသားအသုံးပြုရန်အတွက် သင့်ကွန်ပျူတာအတွင်းမှာ အနည်းဆုံး Browser တစ်ခုခုရှိနေရန် လိုအပ်ပါတယ်။ ဥပမာအားဖြင့် Internet Explore ပဲဖြစ်ဖြစ် Mozilla Firefox ပဲဖြစ်ဖြစ် တစ်ခုခု ထည့်သွင်းထားရန် လိုပါတယ်။ ဒါမှသာ HTML ကို စမ်းသပ်ရေးသား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

HTML ရေးသားရန်အတွက် သင့်ကွန်ပျူတာအတွင်းမှာ အသင့်ပါဝင်တဲ့ Notepad ကိုအသုံးပြုပါမယ်။ အချို့သော Programmer တွေကတော့ Notepad++ စတဲ့ အခြား Notepad Tools များကို အသုံးပြု၍ ရေးသားကြပါတယ်။ လောလောဆယ်မှာတော့ Notepad နဲ့ကိုပဲ HTML ရေးသားခြင်းအတွက် အသုံးပြုရမှာ ဖြစ်ပါတယ်။

<html>
<body>

<h1>My First Heading</h1>

<p>My first paragraph.</p>

</body>
</html>

အထက်ဖော်ပြပါ HTML Code များကို သင့်ရဲ့ Notepad ထဲမှာ ရိုက်ထည့်လိုက်ပါမယ်။ ပြီးနောက် mytest.html ဆိုပြီး ရိုက်ထည့်ပြီး သိမ်းဆည်းလိုက်ပါ။ သူ့ရဲ့ File Extension ကတော့ .html ဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ <> များ၊ / များ မကျန်ခဲ့စေရန် လိုအပ်ပါတယ်။

<html> </html> ကတော့ HTML ရဲ့ အစနဲ့ အဆုံး ကိုပြောတာပါ။ ဥပမာအားဖြင့် Code တွေနဲ့ အစနဲ့ Code အဆုံးကို ပြောတာပါ။ အခြားသော HTML Code များကို <html></html>

<body> ကတော့ HTML ရဲ့စာပိုဒ်တစ်ခုရဲ့ Body ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို စာပိုဒ်ရဲ့ Body ထဲမှာမှ <h1> </h1> အလယ်မှာ ခေါင်းစဉ်ကို ထည့်သွင်းရေးသားထားရပါမယ်။ ခေါင်းစဉ်စာသား Font Size အကြီးအသေးကို <h1> <h2> စတာတွေနဲ့ ဖော်ညွှန်းပေးထားတာ ဖြစ်ပါတယ်။ <p> ကတော့ စာပိုဒ်တစ်ခုကို စတင်ရေးသားရန်အတွက် အသုံးပြုပါတယ်။

HTML Code များကို ရေးသားရာမှာ စာလုံးပေါင်းမှားလို့ မရသလို <html> </html> လို့ခေါ်တဲ့ HTML အဖွင့်နဲ့ HTML အပိတ်တို့လည်း ကျန်ခဲ့လို့မရပါဘူး။ ဥပမာ <p> တစ်ခုရေးပြီး နောက်ထပ် </p> တစ်ခု ကျန်ခဲ့လို့မရပါဘူး ။ စတင်လေ့လာခါ စမှာဆိုလျှင် တော်တော်လေး ဂရုစိုက်ပြီး လေ့လာသင့်ပါတယ်။

အခု သင်ရေးသားထားတဲ့ HTML Code တွေကို Browser မှာ ပြန်ဖွင့်ကြည့်တဲ့အခါမှာ အခုလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

HTML

Related Posts