Emotional Intelligence အကြောင်း

လူတစ်ယောက်ညဏ်ရည်အဆင့်အတန်းအား IQ အဆင့်သတ်မှတ်ချက်ဖြင့် ယခင်က တိုင်းတာခဲ့ကြပါတယ်။ IQ ရမှတ်အနိမ့်အမြင့်အလိုက် ညဏ်ကောင်းသူ မကောင်းသူ အစရှိသဖြင့် အကြမ်းအား ဖြင့်ခွဲခြားကာ သတ်မှတ်ထားခဲ့ကြပါတယ်။

EI (emotional intelligence) မှာ ငါးခုပါ၀င်ပါတယ်

၁. Self Awareness: မိမိကိုယ်ကို သတိပြုနားလည်နိုင်ခြင်း
၂. Self Regulation: မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း
၃. Motivation: လှုံဆော်နိုင်စွမ်းရှိခြင်း
၄. Empathy: စာနာနားလည်နိုင်စွမ်းရှိခြင်း
၅. Social Skill: လူမှုဆက်ဆံနိုင်စွမ်းရှိခြင်း တို့ဖြစ်ပါတယ်။

၁. Self Awareness: မိမိကိုယ်ကိုသတိပြုနားလည်နိုင်ခြင်း ဆိုသည်မှာ မည်သည့်အရာသည် မိမိပြုလုပ်နိုင်သောအရာ မည်သည့်အရာသည်မိမိ မစွမ်းနိုင်သောအရာဖြစ်သည်ကို ကောင်းစွာခွဲခြားနိုင်ခြင်း မိမိဧ။် လက်ရှိအခြေအနေကိုသဘောပေါက်နားလည်နိုင်ခြင်း မိမိ တတ်မြောက်၍ လုပ်ကိုင်သင့်သောအရာ သို့ ပြောဆိုသင့်သောအရာဖြစ် သည် မဖြစ်သည်ကို ပိုင်ခြားနိုင်စွမ်းရှိခြင်း မိမိလုပ်သင့်သော အရာ နှင့် မလုပ်သင့်သောအရာတို့အား လျင်မြန်စွာခွဲခြား နားလည်နိုင်ခြင်း စသည့်တို့ဖြစ်ပါတယ်။

၂. Self Regulation: မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်း ဆိုသည်မှာလည်း အထက်ပါအတိုင်းမိမိ ကိုယ်ကို သတိပြု ကာ အရာရာအား လုပ်သင့်သည် မလုပ်သင့်သည်ခွဲခြားနိုင်ပြီးနောက် လုပ်သင့်သည်အားလုပ်ရန် မလုပ်သင့်သည်အားမလုပ်ရန် မိမိ ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် စောင့်ဆိုင်းသည်းခံနိုင်ခြင်းဟုလည်းယူဆနိုင်ပါတယ်။ ထို့အပြင် မိမိ ကိုယ်ကို စည်းမျဉ်းထုတ်ကာ လုပ်မည် မလုပ်မည် စသည်ဖြင့်ဆုံးဖြတ်ထားသည်များအား လိုက်လံ လုပ်ဆောင်နိုင်စွမ်း တစ်နည်းအားဖြင့် ဆုံးဖြတ်ချက်ခိုင်မာခြင်းလဲဖြစ်ပါတယ်။ ဥပမာ နောက်သုံးနှစ်အတွင်း ဘွဲ့တစ်ခု ရရမည်ဟု ဆုံးဖြတ်က ထိုဘွဲ့ရရန် လုပ်သင့်သည်တို့ကို ခိုင်မာစွာ လိုက်လံဆောင်ရွက်ခြင်းမျိုးလည်းဖြစ်ပါတယ်။

၃. Motivation: လှုံ့ဆော်နိုင်စွမ်းရှိခြင်း ဆိုသည်မှာ အခြားသူများသာမက မိမိကိုယ်တုိင်အား လည်း မိမိ လုပ်သင့်သောအလုပ်အား ကောင်းမွန်စွာလုပ်ကိုင်နိုင်ရန် မိမိကိုယ့်ကို တွန်းအားပေး လှုံဆော် ကာ လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်ပါတယ်။ ထိုထက်ကျော်လွန်ပါက မိမိကိုယ်ကိုသာမက အခြား မိမိ ဧ။် လုပ်ဖော်ကိုင်ဖက်များအားလည်း စိတ်တက်ကြွစေရန် လှုံဆော်ပေးနိုင်လာမည်ဖြစ်ပါတယ်။ ဥပမာ ခေါင်းဆောင်ကောင်းတိုင်တွင် သူတို့ကိုယ်တိုင်သာမက မိမိ လူများအားလည်း စိတ်ဓတ်တက်ကြွစေရန် အကောင်းဘက်မှ အမြဲ တိုက်တွန်း လှုံဆောင်နိုင်ခြင်းမျိုးဖြစ်ပါတယ်။

၄. Empathy: စာနာနားလည်နိုင်စွမ်းတွင် အဓိကအားဖြင့် သူတစ်ပါးပြောလိုသောစကား ပေးလိုသော အကြံညဏ် တို့အား အလေးထားနာယူခြင်း ဂရုတစိုက်နားထောင်ပေးနိုင်စွမ်းရှိခြင်း တို့ လဲအပါအ၀င်ဖြစ်ပါတယ်။ မိမိ ပြောလိုသောအရာအား အခြားသူများအားနားထောင်စေချင်သကဲ့သို့ သူတပါးပြောသောစကားအားလည်းနားထောင်ပေးနိုင်ခြင်း အခြားသူများအား ကိုယ်ချင်းစာနာ နိုင်ကာ သူ့ဖက်မှတွေးပေးနိုင်ခြင်း အစရှိသည့်အရည်အချင်းများဖြစ်ပါတယ်။

၅. Social skill: လူမှုဆက်ဆံရေးကောင်းမွန်ခြင်း သည်လည်း အရေးအပါဆုံးသော အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုရာတွင် မည်သည့်လူမျိုးနှင့်ဖြစ်စေ တစ်သားထဲ ဖြစ်နေနိုင်ခြင်း။ လူချစ်လူခင်ပေါများခြင်း လူအများအားမိမိ ဖက်သို့ပါ၀င်စေရန် ဆွဲဆောင်စည်း ရုံးနိုင်ခြင်း လူအများနှင့် ဆက်ဆံပြောဆိုရန်အကြောက်အရွံ့ကင်းခြင်းအရည်အချင်းတို့ ဖြစ်ပါတယ်။

Kaung Hein Soe – Strategic Facebook Page မှ ကူးယူဖော်ပြထားပါသည်။

OpenMoreOnline

သုတ

Related Posts