Domain extensions

Domain extensions များအကြောင်း

Website တစ်ခုမှာ Domain Name တစ်ခုစီရှိကြပါတယ်။ ထို Domain Name တွေရဲ့ အဆုံးသက်တွေမှာ လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကိုလိုက်ပြီး Domain etensions တွေလဲမတူကြပါဘူး ဉပမာ (.com – စီးပွားရေးလုပ်ငန်းတွေအတွက်) (.net – အဖွဲအစည်းတွေအတွက်)။ Domain extensions တွေကို TLD ( Top-Level Domains) လို့လဲ ခေါ်ကြပါသေးတယ်။ .com domain က တစ်ကမ္ဘာလုံး အသုံးပြုနှုန်းရဲ့ ၅၂.၃% တောင်ရှိပါတယ်၊ ၂၀၂၁ ရဲ့အကျော်အကြားဆုံး TLDs များ စရင်းကို လေ့လာကြည့်သင့်ပါတယ်။

Domain extensions (TLD) တွေမှာလဲ အမျိုးအစားနှစ်မျိုးထပ်ခွဲပါသေးတယ်။ gTLDs (generic Top-Level Domains) နဲ့ ccTLDs (country code Top-Level Domains) တို့ပဲဖြစ်ပါတယ်။

gTLDs

gTLDs (generic Top-Level Domains) ကတော့ ခြေခံ အသုံးပြုကြတဲ့ Domain extensions တွေပဲဖြစ်ပါတယ် ဉပမာ (.com, .net, .org, .site, .oline ……).

ccTLDs

ccTLDs (country code Top-Level Domains) ကတော့ တည်နေရာအလိုက် ယုံကြည့်စိတ်ချရအောင် အသုံးပြုတဲ့ Domain extensions တွေပဲဖြစ်ပါတယ် ဉပမာ (.com.mm, .net.mm, .co.uk, .net.uk, ……) ဆိုပြီး အများကြီးရှိပါသေးတယ်။

Domain extensions တစ်ချို့အကြောင်းကိုသိပြီဆိုတော အဲ့ဒီ Domain extensions တွေနဲ့ ကိုယ်လိုချင်တဲ့ နာမည်နဲ့ တွဲပြီးဝယ်လို့ ရသေးလားဆိုတာတွေကို စစ်ချင်ရင် ကြားခံ Domain ရောင်းတဲ့ supplier website တွေကနေ စစ်လို့ရပါတယ်။ Golden Delta တွင်လဲ ကိုယ့်စိတ်ကြုက် Domain တွေကို စစ်ပြီး ဝယ်ယူလို့ရပါတယ်။ .com.mm လို့ မြန်မာနိုင်ငံအတွက် သီးသန့် Domain တွေကို MTG မှာ ဝယ်ယူလို့ရပါတယ်။

Blog post လေးကို အဆုံးထိဖက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် Social Media တွေဖြစ်တဲ့ facebook တို့ Twitter တို့မှာလဲ Share ပေးဖို့တောင်းဆိုပါတယ်။

ပျော်ရွှင်တဲ့ နေ့ရက်လေးဖြစ်ပါစေ။

Related Posts