8_0

Digital Weekends for You
မိတ်ဆွေတို့ရေ…တစ်ပတ်လုံး အလုပ်တွေ ရှုပ်၊ စိတ်တွေ ဖိစီးပြီး ကိုယ်ထောင်း စိတ်ပိန် ဖြစ်နေပြီလား။

လာမယ့် စနေ၊ တနင်္ဂနွေအတွက်ရော ဘယ်လို planမျိုး ချထားပြီးပြီလဲ…။

သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်။ ချစ်ချစ်နဲ့ တူတူ ရုပ်ရှင်ကြည့်မယ်။ စားကောင်းသောက်ဖွယ်တွေ တည်ခင်းပြီး ဗိုက်တစ်လုံး ဖောင်းလာဖို့ ရင်းနှီးမြှုပ်နှံမယ်…။

သု့ိပေမယ့် ရုံးပိတ်ရက်မို့ ကားတွေပိတ် လူတစ်ပြွတ်နဲ့ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေတာမျိုး၊ ရုပ်ရှင်လက်မှတ် ကုန်သွားလို့ မှောင်ခိုမှာ ဈေးကြီးပေးဝယ်ရတာ၊ ပျော်ရွှင်မှု လက်တစ်ဆုပ်စာအတွက် အများကြီး ရင်းနှီးလိုက်ရတဲ့ ဘတ်ဂျက်တွေ၊ ခရီးပန်းပြီး တနင်္လာနေ့မှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားတာမျိုးတွေ……။

ဒီလို ခေါက်ရိုးကျိုး အရာတွေကို စိတ်ပျက် ငြီးငွေ့နေပြီလား။

ကဲ…ဒီလိုမျိုး အခက်တွေ့နေပြီဆိုရင် ခေါင်းရှုပ်မခံပါနဲ့တော့။

မိတ်ဆွေအတွက် ပိတ်ရက်မှာ ငွေကုန်ကြေးကျလည်း သက်သာ၊ အကျိုးလည်းရှိ၊ အပန်းလည်း ပြေစေမယ့် လွယ်လွယ်ကူကူ နည်းလမ်းကောင်းလေးတွေကို အကြုံပြုပေးချင်ပါတယ်။

ကျွန်တော်တို့ အခုပဲ ဖတ်ရှူလိုက်ရအောင်နော်…။


Asoftmurmur


Asoftmurmur

အိမ်မှာပဲ ကော်ဖီပူပူလေးတစ်ခွက်နဲ့ မိုးအေးအေးလေးမှာ ရုပ်ရှင်ကြည့်ပြီး သက်တောင့်သက်သာ အနားယူမယ်ဆိုရင်ရော…။ မိုးသံဖွဲဖွဲလေးနဲ့ အတူ ရာသီဥတုကို စိတ်ကြိုက် ပြောင်းလဲနိုင်ဖို့ asoftmurmur.com ကို သွားရောက်လိုက်ပါ။ တစ်အိမ်လုံး အမှောင်ချပြီး မိုးသံတဖွဲဖွဲကြားမှာ ကော်ဖီပူပူလေးနဲ့ Drama ဇာတ်လမ်းတစ်ပုဒ် က ဆွတ်ပျံ့လွမ်းမောဖွယ် အခိုက်အတန့်တစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။


HapEye.Net


HapEye.Net

စာပေဝါသနာအိုးတွေဆိုရင်တော့ မိုးသံတဖွဲဖွဲကြားမှာ စာအုပ်ကောင်းလေး တစ်အုပ်ကို တမ်းတမိမှာပါ။ ပြောင်းလဲလာတဲ့ Digital Age နဲ့အညီ စာလုံးတွေကို စာရွက်ပေါ်မှာပဲ ဖတ်ရှူနိုင်တော့တာ မဟုတ်ပါဘူး။ ပလေတိုနိဒါန်း၊ လွတ်လပ်သောလူသား၊ မိတ္တဗလဋီကာနဲ့ ဂန္တဝင်ဝတ္ထုရှည်ဖြစ်တဲ့ ငဘ တို့ကိုပါ hapeye.net မှာ တစ်ခါဖတ်စာ (တစ်ကိုက်စာ) တွေအဖြစ် သက်တောင့်သက်သာ ဖတ်ရှူနိုင်ပါပြီ။ စာပေက မိတ်ဆွေရဲ့ ပိတ်ရက်ကို အပန်းပြေစေမယ့်အပြင် တနင်္လာနေ့ မနက်ခင်းမှာပါ ယုံကြည်မှုအပြည့်နဲ့ ရုံးတက်နိုင်ဖို့ ကူညီပါလိမ့်မယ်။


The Oatmeal


The Oatmeal

ပိတ်ရက်မှာ ဦးနှောက် ကျွမ်းပြန်လိုသူတွေအတွက် theoatmeal.com က စောင့်နေပါတယ်။ ချစ်စရာ Comics လေးတွေက မိတ်ဆွေရဲ့ စိတ်ကို ကြည်လင်စေမှာ ဖြစ်ပြီး ဖတ်ရူရတာ ပေါ့ပေါ့ပါးပါးနဲ့ အရသာတွေ့ပါလိမ့်မယ်။ စဉ်းစားတွေးခေါ်ရတာ နှစ်ခြိုက်သူတွေအတွက် သေချာပေါက် အကြိုက်တွေ့စေမယ့် Website လေးတစ်ခု ဖြစ်ပါတယ်။


Placesadvise


Placesadvise

ကမ္ဘာပတ်ကြရအောင်…။ မိတ်ဆွေရဲ့ ပိတ်ရက်မှာ အတွေ့အကြုံသစ်တွေကို မြည်းစမ်းခံစားဖို့ အသင့်ဖြစ်နေပြီဆိုရင် Online ပေါ်မှာတင် ကမ္ဘာအနှံ့ လည်လည်သွားလို့ ရနေပါပြီနော်။ placesadvise.com မှာ မိတ်ဆွေ ကြိုက်နှစ်သက်ရာ ကမ္ဘာ့မြေထုရဲ့ အစိတ်အပိုင်းကို သွားရောက်နိုင်ပြီး သူတို့အကြောင်းကို လေ့လာလို့ ရနေပါပြီဗျာ။


Allolo.ru


Allolo.ru

မြို့ပြရဲ့ ဆူညံသံတွေအကြား နစ်မွန်းနေရင်း အာရုံကြောတွေ တဆစ်ဆစ် ကိုက်ခဲလာတဲ့အခါမျိုး။ ခတ်ထန်နေတဲ့ ၂၁ရာစု လှိုင်းဂယက်မှာ မောပန်းလာတဲ့အခါမျိုးမှာ allolo.ru ကို သတိရလိုက်ပါ။ မိတ်ဆွေရဲ့ ရုံးပိတ်ရက်မှာ လက်ရှိဖြစ်တည်မှုကနေ ခဏရုန်းထွက်ပြီး သဘာဝတရားနဲ့ ထိတွေ့လိုက်ပါ။ ဆိတ်ငြိမ်အေးချမ်းမှုနဲ့အတူ အရသာအမျိုးမျိုးကို Website မှတစ်ဆင့် တစ်နေရာထဲမှာ ခံစားနိုင်ပါတယ်။

ဟုတ်ကဲ့ပါ…။ ကျွန်တော်တို့ HapEye.Com ကနေ Digital Services တွေကို အသုံးချပြီး မိတ်ဆွေရဲ့ ပိတ်ရက်ကို အကျိုးရှိရှိ ကုန်ဆုံးနိုင်မယ့် နည်းလမ်းကောင်း တချို့ကို ဖော်ပြပေးခဲ့တာပါ။ မိတ်ဆွေရဲ့ သစ်လွင်တဲ့ စိတ်ကူးကောင်းလေးတွေကိုလည်း ပြောပြပေးသွားပါဦးနော်။ ဖတ်ရှူပေးလို့ ကျေးဇူးပါဗျာ။ သာယာလှပတဲ့ ပိတ်ရက်မှာ ဆွတ်ပျံ့ကြည်နူးဖွယ် အမှတ်တရလေးတွေကို ဖန်တီးနိုင်ကြပါစေဗျာ။

Digital Weekends for You
Swan Htet (HapEye)

သုတ

Open More Online

Related Posts