အကောင်းဆုံးသော အပြုအမူ

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၆)

အကောင်းဆုံးသော အပြုအမူ

အကောင်းဆုံးသော အပြုအမူ -လူတို့သည် အများ အထင်ကြီး ခံရလေအောင် တစ်ခါတစ်ရံ အကောင်း ဆုံးသော အပြုအမူတို့ကို ဖော်ပြလေ့ရှိ၏။ သို့သော် ယင်း အပြုအမူတို့သည် အများစု၏ အထင်ကြီးမှုကို ခံရပြီးသည့် နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ် သွားတတ်ပေသည်။ ထို့ကြောင့် အိမ်ထောင် ဘက် မရွေးချယ်မီတွင် စဉ်းစားသင့်သော အချက်တစ်ချက်ကား၊ တစ်စုံ တစ်ဦး၏ အပြု အမူသည် ပင်ကိုယ်သဘာဝ အပြုအမူလော၊ အကောင်းဆုံး ဖြစ်အောင် ပြုမူချက်လော ဟူသော အချက်ဖြစ်သည်။ လုလင်ပျိုတစ်ဦးသည် ချစ်သူ ရည်းစားထံ သွားသော အခါတိုင်း ရေမိုးချိုး၍ အမွှေးနံ့သာ ခြယ်သပြီး သပ်ရပ်သန့်ရှင်းသော အဝတ်အစား တို့ကို ဝတ်ဆင် သွားလေ့ရှိ၏။ သို့သော် အိမ်ထောင်ပြုပြီး အတန်ကြာမှ သာ ထိုလုလင် ရေချိုးပျင်းလှကြောင်း သူ့ ဇနီးသည် သိရှိရ၏။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts