အပေါ်ယံ အရည်အချင်းများက လှည့်စားခြင်း

အိမ်ထောင်ဘက် ရွေးချယ်ခြင်း (အပိုင်း-၅)

အပေါ်ယံ အရည်အချင်းများက လှည့်စားခြင်း

အပေါ်ယံ အရည်အချင်းများက လှည့်စားခြင်း-အနောက်တိုင်း ယဉ်ကျေးမှုတွင် “မချစ်ဘဲနှင့် လက်ထပ်ခြင်းသည် မှားယွင်းချက် တစ်ခုဖြစ်သည်” ဟု ဆိုရိုးရှိ၏။ ချစ်ခြင်းမပါပဲအိမ်ထောင်ပြုခြင်းကား ဆားမပါသော ဟင်းကဲ့သို့ ဖြစ်ပေ သော် စိတ်ကူးယဉ် အချစ်မျိုးသည်လည်း ချစ်သူတို့အား လှည့်စား သောသဘော ရှိပေသည်။ အထူးသဖြင့် စိတ်ကူးယဉ်အချစ်နှင့် ချစ်နေသူနှစ်ဦး အဖို့ စိတ်ဓာတ်မရင့်ကျက်မှုများသည်ပင် ဆွဲငင်အား နေတတ်၏။ ထို့ကြောင့် အိမ်ထောင်ဘက် ရွေးချယ်မည့် သူတို့ အပေသံ အရည်အချင်းတို့၏ လှည့်စားမှု မခံရလေအောင် သတိထား ကြရမည်ဖြစ်၏။

သမီးရည်းစားဘဝတွင် ယောက်ျားကလေး တစ်ဦးသည် မိမိအပေါ် အာဏာတပြပြ ခိုင်းစေတတ်သော မိန်းကလေး၊ အခြားမိန်းကလေး တစ်ဦးနှင့် ဆက်ဆံသည်ကို မနာလိုဝန်တို ဖြစ်တတ်သော မိန်းကလေး၊ စိတ်ကောက်လိုက် ပြန်ချော့လိုက် လုပ်တတ်သော မိန်းကလေး၊ ကြောက် ရွံ့ အားငယ်တတ်သော မိန်းကလေး၊ အသုံးအဖြုန်းကြီးသော မိန်းကလေး၊ မိမိအပေါ် နွဲ့ဆိုး ဆိုးသော မိန်းကလေးမျိုးကို စွဲလမ်းနှစ်သက်တတ်ပေ၏ ။ ယင်းတို့ကို အပြစ်ဟူ၍ မမြင်ဘဲ ချစ်ခင်စရာ အကွက်ကလေးများ ဟု ထင်မှတ်တတ်၏။ ထိုနည်းတူပင် မိန်းကလေး အနေဖြင့်လည်း မိမိချစ်သူ၏ သမီး စားဘဝက အပြုအမူ အကျင့်အကြံ အားလုံးကို အကောင်းချည်းဖြစ် သည်ဟု လက်ခံထား၏။ ထို့ကြောင့်လည်း မိမိ လိုအင်ဆန္ဒကိုပင် ဂရု မထားဘဲ ချစ်သူအလိုကျ ဦးစားပေး ဆောင်ရွက်တတ်၏။ မိမိအပေါ် ပိုင်စိုး ပိုင်နှင်း (တစ်ခါတစ်ရံ) နိုင်လိုမင်းထက် ပြုမူတတ်သည့် ချစ်သူ ကိုပင် စွဲလမ်းနေတတ်သည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍လည်း ဖြုန်းသုံးခြင်းကို ခွင့်လွှတ်ထားသည်။ မိမိ စိတ်မဝင်စားသော်လည်း ချစ်သူစိတ်ဝင်စားသည့် အရာတို့ကို လိုက်၍ စိတ်ဝင်စားရန် ကြိုးပမ်း တတ်သည်။ ချစ်သူ ယောက်ျားကလေးက တစ်ကိုယ်ကောင်းဆန်စွာ ပြုမူနေခြင်းကိုလည်း ကျေနပ် နေတတ်သည်။

မိမိအပေါ် မှီခိုလွန်းခြင်း ဝါလွန်းခြင်း တို့ကိုလည်း အထင်မသေး တတ်ပေ။ ဤသို့လျှင် သမီးရည်းစားဘဝက တစ်ဦးလုပ်သမျှ တစ်ဦးက အကောင်းထင်၍ အပြစ်မမြင် ချစ်ခင်ခဲ့ကြ သော်လည်း အိမ်ထောင်ပြုပြီး သော အခါတွင်မူ ပိုင်ဆိုင်လိုစိတ် လွန်ကဲမှုကြောင့် ပျော်ရွှင်မှုသုခတို့ တစ်စတစ်စ ချုပ်ငြိမ်းသွားတတ်သည်။ သမီးရည်းစား ဘဝက ကျေနပ်ခဲ့ သော ချွတ်ယွင်းချက် အချို့သည် အိမ်ထောင်ရှင်ဘဝ ရောက်သောအခါ တွင်မူ စိတ်ပဋိပက္ခဖြစ်စရာ ခိုက်ရန်ဒေါသပွားစရာ အချက်များ ဖြစ်လာတတ် ပေသည်။ တစ်ခါတစ်ရံ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသစိတ်ဖြင့် ပေါက်ကွဲထွက် တတ်ပေသေးသည်။ ခင်ပွန်းသည် တစ်ဦးကမူ သူ့ ဇနီးသည်၏ စိတ်တိုတတ်မှု၊ ဒေါသ မထိန်းနိုင်မှုတို့ကို ပြောင်းလဲ ပစ်ချင်သည်ဟု ပြော၏။ သို့သော် သူကိုယ်တိုင် ပြန်လည်စဉ်းစားကြည့်သောအခါ သမီးရည်းစားဘာ သူကပင် အမျိုးသမီးကို စိတ်ကောက်အောင် စခဲ့ပုံ၊ ဒေါသကြီးမှုကိုပင် နွဲ့ဆိုးဆိုး သည်ဟုမြင်ပြီး အချစ်ပိုခဲ့ပုံများကို သတိရလာသည်။ ယောက်ကျ်ားဖြစ်သူ သည် အသုံးအဖြုန်းကြီးလွန်သောကြောင့် အိမ်ထောင်သာယာ ထိခိုက်လာသဖြင့် ကွာရှင်းလိုသည်ဟု ဆိုသော အမျိုးသမီးတစ်ဦး လည်း သမီးရည်းစားဘဝကမူ ယင်းကဲ့သို့ အသုံးအဖြုန်းကြီးမှုကိုပင် သ အပေါ် ရက်ရောလေခြင်း၊ အလိုလိုက်လေခြင်းဟု ပီတိဖြစ်ကာ ကျေနပ်ခဲ့ ကြောင်း သတိရလာ၏။ ထို့ကြောင့် သမီးရည်းစား ဘဝက တွေ့ရှိသော အပေါ်ယံ အရည်အချင်းတို့၏ လှည့်စားမှု မခံရအောင် သတိထား ကြရပေမည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts