လွန်ခဲ့သော ၇၅ နှစ်ခန့်က တစ်တိုင်းပြည်လုံး၏ ဆန္ဒကို ဖီဆန်၍ နပိုလီယန်ကြီး၏တူ၊ တတိယ နပိုလီယန်ဘုရင်သည် မာရီအီဇယ်နီ ခေါ်သော မထင်ရှားသည့် မိန်းမလှတစ်ဦးကို တောင်ညာတင်လေသည်။
Category: အတွေးအခေါ်
လက်။ ။ ဆော့ခရတ္တိ၊ မခဲယဉ်းလှပါ၊ ပြောပြပါမည်၊ အကြင်သူသည် တာဝန်ကျရာ စစ်မြေပြင်တွင် ကြံ့ကြံ့ခံ၍ ရန်သူကို တွန်းလှန်၏၊ မဆုတ်မခွာနေ၏၊ ထိုသူသည် သူရသတ္တိ နှင့် ပြည့်စုံသူပေတည်း။
များမကြာမီက ဘရစ်ဖဲဝိုင်းသို့ လာရောက်ကစားရန် ကျွန်ုပ်ကို ဖိတ်ကြားလေသည်။ ကျွန်ုပ်သည် ဘရစ် မကစားတတ်ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဘရစ် မကစားတတ်သော မိန်းမချောတစ်ဦးလည်း ကစားဝိုင်းသို့ ရောက်ရှိနေလေသည်။
ဖော်ပြလတ္တံ့သော စာပိုဒ်များသည် လိုင်စီကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ လိုင်စီကထာသည် လက်ခီကထာကဲ့သို့ လည်းကောင်း၊ ခါမိဒိကထာကဲ့သို့လည်းကောင်း ပလေးတိုးစာရေးစအခါက ရေးခဲ့သော ကထာဖြစ်၏ဟု ယူဆကြသည်။