လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို နားမလည်နိုင်ဘူး။
အနီးစပ်ဆုံးသူ ဖြစ်စေ၊ အဝေးကြီးကသူ ဖြစ်စေ။

လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို နားမလည်နိုင်ဘူး။
အနီးစပ်ဆုံးသူ ဖြစ်စေ၊ အဝေးကြီးကသူ ဖြစ်စေ။
အိပ်ရာထရတာ ခက်ခဲတယ်။ ချမ်းစီးစီး မနက်ခင်းမှာ ရေချိုး မျက်နှာသစ်ဖို့ ခက်ခဲတယ်။ ကြမ်းတမ်းလွန်းတဲ့ မနက်စာကို မြိုချနိုင်ဖို့ ခက်ခဲတယ်။ ဖိနပ်ပေါက်ထဲ ခြေထိုးသွင်းပြီး လူအုပ်ထဲ ရှင်သန်သွားလာရတာ ခက်ခဲတယ်။
ကျွန်တော် ရေခရားမှ ရေတချို့ကို ခွက်ငယ်ထဲသို့ စောင်းငှဲ့ထည့်ချိန် သူ ဖိနပ်ကြိုးချည်နေသည်။
ကျွန်တော် ရေသောက်နေချိန် သူ ဖိနပ်ကြိုးချည်နေသည်။
ကျွန်တော် ရေသောက်ပြီးချိန် သူ ဖိနပ်ကြိုးချည်နေသည်။