Candle

Candle ဒီဇိုင်းပြုလုပ်ခြင်း (4)

အခု Candle (ဖယောင်းတိုင်) ရဲ့ ကိုယ်ထည် ပြင်ဆင်လို့ ပြီးသွားပါပြီ။ နောက်ထပ်တစ်ဆင့်အနေဖြင့် မီးစာကို ထည့်သွင်းရပါမယ်။ Layer အသစ်တစ်ခုကို ဖန်တီးလိုက်ပါ။ လေးထောင့်ပုံစံ Rectangular Marquee Tool ကိုယူပြီး အောက်ပါပုံအတိုင်း ထည့်သွင်းပါ။ သူ့ရဲ့ Gradient အရောင်တွေကတော့ အနက် ၊ အနက်၊ အနီ သုံးခု ထည့်သွင်းလိုက်ပါ။

Candle

မီးတောက်ကို ဖန်တီးရန်အတွက် နောက်ထပ် Layer အသစ်တစ်ခု ဖန်တီးပြီး Pen Tools ကိုယူပြီး ဘဲဥပုံစံ တစ်ခုကို ရေးဆွဲပါ။ သူ့ရဲ့ အရောင်တွေကတော့ (1) အပြာ 3962fa (2)အဖြူ fffae1 (၃) အဖြူ fffffe သုံးခု ဖြစ်ပါတယ်။

Design

ပြီးနောက် မီးစာနဲ့ မီးနဲ့ အကြား Blur Tool ကိုယူပြီး အနားသားများ ဝေဝါးသွားအောင် ပြုလုပ်ပါမယ်။ ဖယောင်းတိုင်မီးနဲ့ မီးစာကို Layer တစ်ခု တည်းအနေဖြင့် ပေါင်းလိုက်ပါ။ Transform လုပ်ပြီး နှစ်သက်သလို အရွယ်အစားအတိုင်း ပြင်ဆင်လိုက်ပါမယ်။

မီးစာနဲ့ မီးကို ပြုလုပ်ဖန်တီးရာမှာ တစ်ချက် သတိထားရမှာကတော့ မီးရဲ့အနားတွေကို Blur Tool နဲ့ ဝါးအောင် ပြုလုပ်ပေးရန်လိုအပ်ပါတယ်။ မီးစာနဲ့ မီးတောက်ရဲ့ အကူးအပြောင်းကိုလည်း Blur Tool ကိုသုံးပြီး ဝေဝါးအောင် ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Candle

Background အရောင်ကို အနက်ရောင်သို့ ပြောင်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြုလုပ်ထားတဲ့ ဖရောင်းတိုင်မီးရဲ့ အလင်းရောင်ကို ပိုမိုပေါ်လွင်စေရန်အတွက် ဖြစ်ပါတယ်။

Candle

Related Posts