ဆက်လက်ပြီး Candle (ဖယောင်းတိုင်) ရဲ့ အပေါ်ဖက်ပိုင်းကို ထပ်မံ ပြင်ဆင်ကြည့်ပါမယ်။ ယခင်သင်ခန်းစာမှာ ဖော်ပြခဲ့တဲ့နည်းအတိုင်း Candle (ဖယောင်းတိုင်) ရဲ့ အပေါ်ဖက် ဘဲဥပုံစံ Layer ကိုလည်း ပြင်ဆင်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ၎င်း Layer ကို ကော်ပီပွားယူထားရပါမယ်။ ကော်ပီပွားယူထားတဲ့ Layer ကို Ctrl+T ကို တွဲနှိပ်ကာ Transform လုပ်လိုက်ပါ။ အနည်းငယ်သေးထားရမှာ ဖြစ်ပါတယ်။

ပြီးနောက် အပေါ်က နည်းလမ်းအတိုင်း fx > Bleading Options > Graident Overlay ကိုပဲ ရွေးကာ အရောင်ပြန်လည် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ Gradient ပြုလုပ်ရာမှာ အရောင်သုံးရောင် ထည့်သွင်းရပါမယ်။
ပထမအရောင်ရဲ့ Color Code ကတော့ d8da2b ဖြစ်ပါတယ်။ ဒုတိယအရောင် feff64 ဖြစ်ပြီး တတိယအရောင် 949509 ဖြစ်ပါတယ်။

ဆက်လက်ပြီး Blending Options တွင် Bevel and Emboss ဘေးမှာ အမှန်ခြစ်လေး ထည့်သွင်းလိုက်ပါ။ အောက်ပါပုံအတိုင်း ပြင်ဆင်လိုက်ပါ။
