Candle ဒီဇိုင်းပြုလုပ်ခြင်း (2) —
အခုဆက်လက်ပြီး ဒုတိယအဆင့်ကို ဆက်လက် လေ့လာကြည့်ပါမယ်။ ယခင် ဆွဲခဲ့တဲ့ ပုံအရ လေးထောင့်ပုံစံ Selection မှတ်ထားသလို အကွက်ကလေး ပေါ်နေပါလိမ့်မယ်။ ပြီးနောက် နှစ်သက်ရာ အရောင်တစ်မျိုးမျိုး ဖြည့်လိုက်ပါ။
အောက်ကပုံမှာကတော့ အဝါရောင် အရင့်ကို ဖြည့်ထားပါတယ်။ ပြီးနောက် နောက်ထပ် Layer အသစ်တစ်ခုကို ခေါ်ယူပြီး ဘယ်ဖက် Tool ဘားမှ Elliptical Marquee Tool ကိုယူကာ ဘဲဥပုံစံလေးတစ်ခုကို ဖန်တီးလိုက်ပါမယ်။
သူ့ကိုလည်း ကာလာအရောင် အဝါရောင်ကိုပဲ နည်းနည်းလေး ဖျော့ပြီး ထည့်လိုက်ပါမယ်။ တကယ်လို့ Body အရောင်နဲ့ အနည်းငယ် ကွဲချင်တယ်ဆိုရင်တော့ အဝါရောင်ကို အနည်းငယ် ဖျော့ဖျော့လေး ဖန်တီးနိုင်ပါတယ်။

ဒီဘဲဥပုံစံ Layer လေးကို ကော်ပီဆွဲထားလိုက်ပါ။ အခု ဘဲဥပုံစံ Layer နှစ်ခုနဲ့ လေးထောင့်ပုံစံ Layer တစ်ခုနဲ့ အားလုံးပေါင်း Layer သုံးခု ရရှိသွားပြီ ဖြစ်ပါတယ်။ ဒီ Layer လေးတွေကို အောက်ကပုံအတိုင်း သုံးခုဆက်ပြီး ဖယောင်းတိုင်ပုံစံတစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။
အောက်ခြေမှာ ဆွဲထားတဲ့ ဘဲဥပုံစံ Shape နဲ့ လေးထောင့်ပုံစံ Body နှစ်ခုကို Layer Box မှာ Select လုပ်ပြီး Ctrl + E ကိုနှိပ်ကာ Layer နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်ပါမယ်။ ဒါမှသာ ဖယောင်းတိုင်ရဲ့ ကိုယ်ထည်ဟာ တစ်ဆက်တည်း ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဖယောင်းတိုင်ရဲ့ ကိုယ်ထည် Body ရဲ့ အရောင်ကို ပြန်လည် ပြင်ဆင်ပါမယ်။ ညာဖက် Layer box အောက်ခြေရှိ fx လေးကို နှိပ်လိုက်ပါ။ ပြီးနောက် Bleading Options ကို ရွေးပေးလိုက်ပါ။

Bleading Options ရှိ Gradient Overlay ကိုရွေးလိုက်ပါမယ်။ လိမ္မော် ၊ အဝါ ၊ အဖြူ Color သုံးခု ထည်သွင်းလိုက်ပါမယ်။

ဒါဆိုရင် အရောင်သုံးရောင် ပေါင်းစပ်ထားတဲ့ ဖယောင်းတိုင် ကိုယ်ထည်ကို ရရှိသွားပြီ ဖြစ်ပါတယ်။
