Reality

Better than Reality ~~~~
“အိပ်ရတာ အရမ်းကောင်းတယ် တကယ်ကိုပဲကွာ…”
ဖောင်းကားနေသော မျက်နှာနဲ့ အာပုပ်စော်နံနေသော  ပူတူးက ပြောသည်။ သူ့ကို ကြည့်ပြီး ရယ်ချင်မိသလို ဝမ်းနည်းစိတ်လည်း ဖြစ်မိသည်။

“အေးကွာ တစ်နေ့တော့ မင်းလည်း အိပ်ရတာထက် ပိုကြိုက်တဲ့ အလုပ်တစ်ခု ပေါ်လာဦးမှာပါ။” ပြောသာ ပြောလိုက်ရသည်။ သိပ်တော့ မယုံကြည်။ ဒီကောင် ဒီတစ်သက် ဒီအရသာမှ ရပါ့ဦးမလား စိုးရိမ်မိသည်။ သူ့ကြည့်ရတာ နုံချာချာနှင့် ကျက်သရေတုံးလှသည်။ ဒီလိုကောင် အတွက် ဘယ်မိန်းကလေးက ရှင်သန်နိုင်ပါ့မလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။


ရက်အတော်အတန်ကြာ၍ နှစ်ပင် ပေါက်လာခဲ့ပြီးနောက်…

မျှော်လာခဲ့မိသော နေ့ရက်ကား မယုံကြည်နိုင်စွာ ရောက်ရှိလာခဲ့သည်။ သူအိပ်ရာမှ အစောကြီး နိုးနေသည်။ တက်တက်ကြွကြွရှိလှသည်။ အိပ်ရတာ ကောင်းရဲ့လား ဟု မေးကြည့်သော အခါ စိတ်ဝင်စားဟန်ပင် မပြတော့။ သူ့အာရုံနှင့်သူ အတွေးတွေ စုန်ကူးနေသည်။ သူ့ကို ကြည့်ရတာ စိတ်အနည်းငယ်တော့ ချမ်းသာလာသည်။ သူ့အတွက်လည်း မသိမသာ ကြည်နူးဝမ်းသာမိသည်။


ရက်အနည်းငယ်ကြာကာ လချီလာပြီး တစ်နေ့….

သူထူးခြားနေသည်။ အိပ်ယာထဲတွင် သို့သော် အိပ်မနေ…
သူ့မျက်နှာက ချောင်ကျကာ ကျက်သရေယုတ်နေသည်။ လက်တွေ ခြေတွေ ကွေးကောက်ကာ ပါးစပ်မှလည်း တဖွဖွနှင့် ဘာတွေ ပြောနေမှန်းမသိ။ မျက်လုံးထဲတွင်လည်း ရေစက်ရေပေါက်များ လျှံကျနေကာ ပါးပြင်တစ်လျှောက် စီးဆင်းနေသည်။ နှာခေါင်းကလည်း တရှုံရှုံနှင့် နီရဲနေကာ ဝင်သက်ထွက်သက်မှာလည်း ခက်ထန်လွန်းလှသည်။ ဆံပင်များလည်း ရှုပ်ပွကာ အသားအရေမှာလည်း အရောင်မှိန်လျက် မွဲခြောက်လွန်းနေသည်။ သူ့ကို ကြည့်ရသည်မှာ ခြောက်ခြားမိသလို စိတ်မကောင်းလည်း လွန်စွာ ဖြစ်မိသည်။

“ပူတူးရာ…မင်း ကောင်းကောင်း အိပ်စက်နိုင်ခဲ့တဲ့ အချိန်လေးတွေ ပြန်ရနိုင်ပါစေလို့ ငါ မျှော်လင့်မိပါတယ်ကွာ။”

“You know you’re in love when you can’t love asleep because Reality is finally better than your Dreams.
But when Reality is lost, you can’t get recovery like Dreams while sleeping.”

ရသ

# Open More Online

Related Posts