hapeye

ဦးနှောက်ကို စိန်ခေါ်တဲ့ စာမျိုး ဖတ်ရမယ်

ဦးနှောက်ကို စိန်ခေါ်တဲ့ စာမျိုး ဖတ်ရမယ်
ကျမတို့ ငယ်ငယ်က ကလေးစာအုပ်တွေ စဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေ ဖတ်လာတာ။ အခုအသက်ကြီးလာတော့ အတ္ထုပ္ပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ ပတ်သက်တာတွေကို ပြောတာမဟုတ်ဘူး။ အပြင်စာပေတွေကို ပြောတာ။ နောက်ပိုင်း ရင့်ကျက်လာပြီး တခြားလူတွေ ဘဝတွေအကြောင်း ပိုသိချင်လာတာလည်း ပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။  ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီးအသက်ကြီးလာတော့ ကဗျာကို ပိုစိတ်ဝင်စားလာတယ်။

ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေ အများကြီးပါတယ်။ စာအုပ်တစ်အုပ် ထက်တောင် ပါချင်ပါမယ်။ အဲ့ဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။

နောက်ပြီး ကိုယ့်ရဲ့ အသိဉာဏ်ဦးနှောက်ကို စိတ်ခေါ်တဲ့ စာမျိုးကို ဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။

တစ်ခါတစ်လေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက် ဖတ်တာ မပြောလိုဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ အသိဉာဏ်ကို စိန်ခေါ်တဲ့ စာမျိုးကိုလည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကို အလုပ်ပေးတဲ့ စာမျိုးကို အတိုင်းအတာ တစ်ခုထိ ဖတ်ရမယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts