အပြုံး ( ၇ ) မျိုး

အပြုံး ( ၇ ) မျိုး

(၁) မတရားသဖြင့်ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် အပြုံးမျိုး ပြုံးပြပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါတဲ့။

(၂) နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွှတ်နားလည်ခြင်း တစ်မျိုးပါတဲ့ ။

(၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြတ်ခြင်း တစ်မျိုးပါတဲ့။

(၄) အကူညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကိုလှုံ့ဆော်ပေးခြင်း တစ်မျိုးပါတဲ့။

(၅) ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်း တစ်မျိုးပါတဲ့။

(၆) အပြစ်တင်တာကိုခံရတဲ့အခါ အေးအေးဆေးဆေးပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း တစ်မျိုးပါတဲ့။

(၇) အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေး ပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်း တစ်မျိုးပါတဲ့။

အတွေးအခေါ် စာစုလေးများ မှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ဘဝနေနည်း

Related Posts