hapeye

တစ်ခါက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါးရှိခဲ့ ဖူးပါတယ်။ တစ်နေ့တော့ အဲ့ဒီဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးတွေကို ခေါ်ယူပြီးတော့ စာတမ်းတစ်ဆောင်ကို ရေးသားခိုင်းပါတယ်။

အဓိကရေးရမယ့် အကြောင်းအရာကတော့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် စာတမ်းပါ။
ဒီလိုနဲ့ ပညာရှိအမတ်ကြီးတွေ စုပေါင်းပြီးတော့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် စာတမ်းတစ်စောင်ကို ရေးသားပြီးတော့ ဘုရင်ကြီးတေကို ဆက်သလိုက်ပါတယ်။

စာတမ်းကို ဖတ်ပြီးတာနဲ့ ဘုရင်ကြီးက …
“စာတွေကတော့ ကောင်းတယ်၊ ဒါပေမယ့် စာမျက်နှာက သိပ်များနေတယ်၊ ဒီတော့ ဆိုလိုရင်းလည်း မပျောက်အောင် ဒီစာတမ်းကို ပြန်အကျဉ်းချုံးပြီး ရေးပေးပါ။”

ဒါနဲ့ ပညာရှိအမတ်ကြီးတွေဟာ စာမျက်နှာ ၅၀ရှိတဲ့ စာတမ်းကို ထပ်မံပြီး အကျဉ်းချုပ်ရေးလိုက်ရာ နောက်ဆုံးမှာ စာမျက်နှာ ၁၀မျက်နှာ သာရှိတဲ့ စာတမ်းတစ်စောင် ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ဘုရင်ကြီးက မကြိုက်ပါဘူး။

ဒါနဲ့ ထပ်ချုပ်လိုက်တော့ တစ်မျက်နှာရတယ်။ အဲ့ဒီတစ်မျက်နှာကို ထပ်ချုပ်လိုက်တော့ စာကြောင်းတစ်ကြောင်းဘဲ ရပါတော့တယ်။ အဲ့ဒါကို ဘုရင်ကြီးက အရမ်းကြိုက်သွားပါတယ်။ အဲ့ဒါကတော့ …

There is no such things as free lunch.
“လောကမှာ ဘယ်အရာမှာ အလကားမရဘူး”

ဟုတ်ပါတယ်။
ဟောဒီလောကမှာ ဘယ်အရာမှ အလကားမရနိုင်တဲ့ အတွက် တစ်ခုခုကို လိုချင်ပါက တစ်ခုခုကို ပေးဆပ်ရမှာပါ။
ဘားမှ မပေးချင်ရင် ဘားမှ မရနိုင်ဘူး။

အဆင်မပြေတာကို
အဆင်မပြေဘူးလို့ ညည်းနေရင်
အဆင်မပြေဘူး။
အဆင်မပြေတာကို
အဆင်ပြေအောင် လုပ်မှသာ
အဆင်ပြေမယ်။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts