မိမိကိုယ်ကို

အဓိပ္ပာယ်ရှိသည့် မိမိကိုယ်ကို လေးစားမှုထားပါ

ခေါင်းဆောင်တစ်ဦးဖြစ်လာရန် သင်ယူသည့်ဖြစ်စဉ်သည်
စုစည်းမှုရှိပြီး အဓိပ္ပာယ်ရှိသည့် လူတစ်ယောက်ဖြစ်လာရန်
သင်ယူသည့်ဖြစ်စဉ် နှင့် အတူတူပင်ဖြစ်သည်။

— ဝါရင်းဘန်းနစ် —

မိမိကိုယ်ကို လေးစားမှုအား မြင့်မားစွာရှိခြင်းသည် ကျွနု်ပ်တို့၏ ရင်းတွင်းတွင်ရှိသော သန္ဓေစိတ်ဓာတ်သည်လည်း ဖြစ်သည်။ ဤကဲ့သို့ မြင့်မားသော မိမိကိုယ်မိမိ လေးစားမှုရရန်အတွက် မိမိကိုယ်ကိုချိုးနှိမ်သော စမ်းသပ်မှုများအား အစမ်းသပ်ခံ၍ အောင်မြင်ရန်မလိုပါ။ မိမိကိုယ်ကိုလေးစားမှုနှင့် ပတ်သက်၍ အတားအဆီးဖြစ်စေသော အရာများအား မိမိ၏ အတွေးမှ ဖယ်ရှားပစ်ပါ။ မိမိကိုယ်ကို လေးစားသည့် စိတ်ဓာတ်အား မိမိကိုယ် တိုင်အတွက်ရော တစ်ပါးသူအတွက်ရော ထွန်းလင်းတောက်ပအောင် ပြုလုပ်ပါ။
    ကျွမ်းကျင်သော၊ ပညာသားပါသော၊ စိတ်ဓာတ်တက်ကြွမှုရှိ သောခေါင်းဆောင်များသည် တခြားလူများအား မိမိကိုယ်ကို လေးစား သည့်စိတ်ဓာတ်အမြင့်မားဆုံး၊ အကောင်းမွန်ဆုံး ဖြစ်လာစေရန် စွမ်းဆောင်နိုင်ကြသည်။ ဤကဲ့သို့ စွမ်းဆောင်နိုင်ရန် ခေါင်းဆောင်တစ်ဦး တွင် မိမိကိုယ်မိမိ ယုံကြည်မှုရှိ သောခေါင်းဆောင်၏ အနောက်သို့ လိုက်တက်ကြသည်။ စီမံချက် ‘Project’ တစ်ခုတွင် စာရင်သွင်း၊ ပါဝင်လိုသူ များပြားခြင်း သည် ယင်းစီမံချက်အား တာဝန်ယူလုပ်ကိုင် သူမှာ ယုံကြည်မှုအပြည့် ရှိသည့် ခေါင်းဆောင်တစ်ဦးဖြစ် ခြင်းကြောင်း ဖြစ်သည်။
    ယနေ့ခေတ်တွင် မန်နေဂျာအများစုမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု စိတ်ဓာတ်အလွန်နည်းကြ သည်။ အောင်မြင် မှုတစ်ခု အတွက် ပီတိဖြစ်ဂုဏ်ယူနေတတ်ကြသည်။ တခြားလူများက မိမိအား အထင်အမြင်သေးမည်ကို စိုးရိမ်ခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြ သည်။ အကျိုးတရားအနေဖြင့် အာမခံ ချက်ကင်းမဲ့ပြီး မိမိကိုယ်မိမိ လေးစားသည့်စိတ်ဓာတ် ကျဆင်းတက်ကြသည်။
    အလုပ်ခွင်တွင် ကိုယ့်ကိုယ်ကို လေးစာမှု “Self-Esteem At Work”  (၁၉၉၈) စာအုပ်ကို ရေးသားခဲ့သူ နသန်နီယယ်ဘရန်ဒင် က အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
    မိမိသည် အောင်မြင်မှုနှင့် မထိုက်တန်ဟု ခံစားနေရသူတစ်ဦး သည် တခြားလူများ၏စိတ်ထဲတွင် ပြင်းထန်တတ်ကြွသည့် စိတ်ဆန္ဒ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ဖို့ မဖြစ်နိင်ချေ။ ခေါင်းဆောင်တစ်ဦးသည် လုံခြုံစိတ်ချရမှုကင်းမဲ့ ခြင်းခံစားနေရသဖြင့် ယင်း၏အဓိကလိုအပ်ချက် မှာ မိမိသာ မှန်ကန်သည်၊ တခြားသူများက မှားသည်ကို ပြရန်သာ စိတ်စိတ်စောနေမည်။ ဤကဲ့သို့သော ခေါင်းဆောင်သည် မိမိ၏ ဝန်ထမ်းများ ရင်ထဲတွင် အကောင်ဆုံးဟူသောအရောများ ဖန်တီးနိုင်ရန်ခက်ခဲ သကဲ့သို့ မန်နေဂျာ ဝန်ထမ်းဆက်ဆံရေးလည်း ပျက်ပြားသွားမည်ဖြစ်သည်။ “ခေါင်ဆောင်တစ်ဦးသည် အတ္တကင်းမဲ့ရမည်” ဟူသောအဆိုမှာ မှားယွင်းယူ၍ မခံယူရ။ စိတ်စောမှု၊ မိမိကိုယ်ကိုယ်ကာကွယ် လိုမှုကြောင့် ပြုလုပ်ခြင်း အဖြစ်စေရ။ မိမိ၏ပါဝါနှင့် အရေးကြီးမှုကို မြှင့်တင်ရန် လည်းကောင်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက်လည်းကောင်း ဦးတည် ပြုလုပ်ခြင်း အဖြစ်စေရ။ အကျိုးတရားနှင့် အလုပ်ကို ဦးတည်ပြုလုပ်ခြင်း သာဖြစ်ရမည်။
    အဓိပ္ပာယ်ရှိသောအတ္တက ‘ငါဘာလုပ်ဖို့လိုသလဲ’ ဟူသော မေးခွန်းကို မေးသကဲ့သို့ လုံခြုံစိတ်ချမှုကင်းမဲ့နေသော အတ္တက ‘ငါအပေါ် မှာ အမြင်မကောင်းတာတွေ မရှိအောင်ဘာ ကိုရှောင်ရမလဲ’ ဟူသောမေးခွန်ကို မေးသည်။
    လိုအပ်သည်ကို ပြုလုပ်ခြင်းဖြင့် မိမိ၏အတွင်းအားကို တည်ဆောက်ရမည်။ ထို့နောက် နောက်ထပ်လိုအပ်ချက်ကို ဆက်လက်လုပ်ရမည်။ ငါဘာနဲ့ရင်ဆိုင်တွေ့မှာလဲ ဟူသောအချက်ကို အာရုံစိုက်နေပါက ရင်ဆိုင်တွေ့စရာများ ထပ်၍ပေါ်လာနေဦးမည်ဖြစ်သည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts